Chapter 256

1.3K 149 0
                                    

အခန်း ၂၅၆ ငါ့အပြစ်ကြွေးတွေကို ဆပ်ဖို့ အကောင်းဆုံးကြိုးစားနေတယ်

ရှုရှု သူပြောတာကြားတော့ သွေးအန်တော့မလိုပင် သူမက အရင်အိပ်ပျော်သွားတဲ့သူမဟုတ်ဘူးလား

"စိတ်ပူမနေနဲ့ ငါနင့်ခန္ဓာကိုယ်ကို တစက်မှစိတ်မဝင်စားဘူး"

သခင်လေးရန်ရဲ့ရင်ဘတ်ကို အကြည့်ရွှေ့ကာ ထရပ်လိုက်သည် ထွက်ပေါက်ကိုမထွက်ခင် အဝတ်အစားကို သေချာပြန်ပြင်လိုက်သည်

ရှုရှုစကားကြောင့် ရန်ရုချန် မျက်နှာအေးစက်သွားတော့သည် "အဲ့ဒါဆို မင်းက ဘယ်သူ့ခန္ဓာကိုယ်ကို စိတ်ဝင်စားတာလဲ"

သူထရပ်ကာ ရှုရှုနောက်ကို လိုက်ပြီး သူမလက်မောင်းကို ဆွဲကာ သတိပေးလိုက်သည် "မင်းစိတ်ထဲမှာ သိထားရမှာက မင်းကအခု ငါ့မိန်းမဆိုတာပဲ မင်းငါ့အကြောင်းပဲ စဉ်းစားရမယ်"

ရှုရှုရပ်သွားကာ မျက်နှာချင်းဆိုင် လှည့်လိုက်ပြီး ခေါင်းမော့ကာ "ဒါဆို နင်ကရော"

ဒီ လက်ထပ်ထားတဲ့ ကိစ္စနဲ့ပက်သက်လို့ သူမလည်း သူမနေရာမှာ အဆင်ပြေအောင် အကောင်းဆုံးကြိုးစားနေတာပဲလေ

ဘာလို့ သူမရဲ့ခံစားချက်တွေနဲ့ အချစ်တွေကိုပါ လိုက်ဂရုစိုက်နေတာလဲ

ခုတလော နှစ်ယောက်လုံး ကိုယ်နေရာတွေမှာ ကိုယ် နစ်မြုပ်နေကြတာ ဒီတိုင်း ဆက်ပြီး ထိန်းသိမ်းထားလို့ရမှာလား

သူက ရုတ်တရက်ကြီးဆင်တူ ဝတ်စုံတွေ မှာ သူမကို နေ့လည်စာ စားဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့ခေါ် ပြီးတော့ တခြားမိန်းမတယောက်နဲ့ ကောလဟာလ ကိုပါဖြေရှင်းပြလိုက်သေးတယ်

ဒါတွေအကုန်လုံးက သူမကို အပျော်လွန်ပြီး မျှော်လင့်ချက်တွေထားအောင် လုပ်နေတာပဲလေ

ဒါမဲ့ သူမအလွယ်တကူ မမျှော်လင့်ရဲပေ သူဒီလောက်အကြာကြီး ကြိုက်လာတဲ့ ဖန်ကျားရင်ကို မေ့နိုင်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ

အဘွားသေဆုံးတာနဲ့ ပက်သက်ပြီး သူခွင့်လွှတ်ပေးနိုင်ဖို့လည်း မမျှော်လင့်ဘူး ဒီလအနည်းငယ်အတွင်း သူ သူမကိုချစ်လာဖို့ မြတ်နိုးလာဖို့လည်း မမျှော်လင့်ရဲဘူး

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now