အခန်း ၁၁– မင်းသူမကိုဘာကြောင့်အဝေးကိုတွန်းပို့ခဲ့လဲ
အရက်တစ်ခွက်လောက်သောက်ပြီးတာနဲ့သူမကအခြားသူတစ်ဉီးလို ဖြစ်သွားတာပဲ
သူက တစ်ချိန်က သူမကိုထားသွားခဲ့ဖူးတဲ့သူလို သူ့ကို လူရှုပ်လူပွေ စက်ဆုတ်စရာလူလိုမျိုး ခေါင်းစဉ်တပ်လေ့ရှိတယ်
"ဖန်ကျားရင်က မင်းရဲ့အနာဆိုရင် ငါသေချာပေါက် ထပ်ပြောရမှာပေါ့ ဖန်ကျားရင် ဖန်ကျားရင်!" သူမ မျက်နှာက အရမ်းကို ကျေနပ်ပျော်ရွှင်နေပြီးတော့ ဖန်ကျားရင်နာမည်ကို ထပ်တလဲလဲ ရေရွတ်နေခဲ့တယ် သူမက ခုန်ပေါက်ပြီးတော့ ရန်ရုချန်ရဲ့ကို လှောင်သလိုကြည့်လိုက်ပြီးတော့ "နင့်ဘာနင် ဘယ်လောက်ချောနေနေ ဖန်ကျားရင်က နင့်ကိုထားသွားတာပဲ"
ရန်ရုချန်က သူမကိုကြည့်ရင်း ဒေါသထွက်လာခဲ့တယ် ငယ်ငယ်တည်းက သူ့နဲ့ ဆီနဲ့ရေလို မတည့်တဲ့ ဒီအမျိုးသမီးကို ကြည့်ပြီး လည်ပင်းညှစ်သတ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်
ဝမ်ရှုရှုကတော့ ရန်ရုချန်အဝေးကိုလျှောက်ရငိးနဲ့ ပျော်ပျော်ရွှင်ရွှင် ရေရွတ်နေတုန်းပဲ ရုတ်တရက် ရန်ရုချန်က သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး သူမခါးကို ဆွဲဖက်လိုက်တယ် သူမ မျက်နှာနားကိုကပ်လာပြီး သူမကို ခပ်ထေ့ထေ့ကြည့်ကာ ပြောလိုက်တယ် "မင်း JSH ဆီက စွန့်ပစ်ခံရတာကိုတောင် ဝမ်းသာနေနိုင်သေးတယ်လား"
သူ ပြောပြီးပြီးချင်း သူမလက်ကို လွှတ်ချလိုက်တယ်နှစ်ယောက်စလုံး ဒေါသတွေနဲ့တစ်ယောက်အတိတ်ကို တစ်ယောက်ထိုးနှက်နေခဲ့ကြတယ်
"ငါဝန်ခံပါတယ် အာ့တော့ဘာဖြစ်လဲ အနည်းဆုံးတော့ ငါကနင့်လို ယောကျာ်းရင့်မာကြီးထက်စာရင် အတိတ်ကို အတိတ်မှာထားခဲ့နိုင်သေးတယ်လေ"
ရန်ရုချန်က သူမရဲ့ရင်ဘတ်ကို တချက်ကြည့်လိုက်ပြီး
"မင်းကို မိန်းမလို့လည်း ငါမထင်ပါဘူး"
ဘယ်လိုကြည့်ကြည့် သူမပုံစံက သူ့အတွက် မိန်းမလို မထင်စရာပင်
တစ်ခုခု သဘောထားမတိုက်ဆိုင်တာ ရှိခဲ့ရင်တောင် စကားနဲ့ဖြေရှင်းရမယ့်အစား လက်သီးနဲ့ဖြေရှင်းတန်ပြီးတော့ သူမဟာ ကျားမတစ်ကောင်လို့ ကြမ်းတမ်းသေးတယ် တခြားမိန်းကလေးတွေက အသက် ၁၄ နှစ်မှာ အပျိုဖော်ဝင်နေကြပေမယ့် သူမကတော့ အာ့အချိန်ထိ အဝေးပြေးလမ်းမကြီးလို ဖြစ်နေတုန်းပဲ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...