အခန်း ၃၈၁ ကျွန်တော်တို့နဲ့ ပက်သက်ပြီး စိုးရိမ်စရာမလိုဘူး
ဟ သူမက သူ့ကိုတောင်းပန်နေတာလား?
ရန်ရုချန် အေးစက်စွာ နှုတ်ခမ်းမဲ့လိုက်သည်။
ရန်ရုချန် တဖက်ကနေ ပြန်မဖြေတာကြားတော့ မူလိစိတ်ပူလာတော့သည်။ "တတိယရန် ရှုရှု ဘာြဖစ်လို့လဲ"
သူမစိတ်ပူနေတာကြောင့် အသံကျယ်လာတော့သည်။ ရန်ရုချန်ဖုန်းသံကိုချဲ့ရင်း ရှုရှု့ကို ကြည့်လိုက်သည် ခြေလှမ်းနည်းနည်းပဲဝေးတာတောင် သူတို့ပြောနေတာကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
သူမချက်ချင်း ရန်ရုချန်ကိုခေါင်းရမ်းပြလိုက်သည်။
နိုင်ငံခြားရောက်နေတဲ့ အန်တီမူလိကို သူမနဲ့ ပက်သက်ပြီး စိတ်မပူစေချင်ဘူး
သူတို့ စိတ်ပူအောင် ခနခနလုပ်နေမိတာ သူတို့ရန်ဖြစ်တာသိတော့ သူတို့ကို ညတိုင်းဖုန်းခေါ်သည်။
ပြိးတော့ သူမချက်ချင်း ဒီမြို့ကိုပြန်လာဖို့တောင် လုပ်သေးတာ
'အကုန် သူတို့ကြောင့်'
ရန်ရုချန်အေးအေးဆေးဆေးပင် "သူမအဆင်ပြေပါတယ် ကျွန်တော်တို့ခုတင်အိမ်ပြန်ရောက်တာ"
ရှုရှု သက်ပြင်းချကာ သူ့ကိုကျေးဇူးတင်သလို ကြည့်လိုက်သည်။
ဒါမဲ့ ရန်ရုချန်က အစကတည်းက မူလိကို ဘာမှပြောပြဖို့ အစီအစဥ◌်မရှိဘူး
မူလိ တက်ကြွဖျတ်လတ်နေတာကို သိတာကြောင့် စိတ်ပူလို့ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း သိသည် အဲ့ဒါကြောင့် ဘယ်လိုလုပ်အမှန်တိုင်းပြောနိုင်မှာလဲ
ဒီငတုံးမသာ သူ့ကိုမယုံတာ
သူဖုန်းသံကို ပြန်လျှော့လိုက်တော့ မူလိ ဘာပြောလဲ ရှုရှု မကြားနိုင်တော့ ထို့ကြောင့် သူမလည်း အပေါ်ကိုတက်မလို့ လုပ်လိုက်တော့သည်။
ရုတ်တရက် ရန်ရုချန် သူမကိုခေါ်လိုက်သည် "ဝမ်ရှုရှု ဖုန်းလာပြော"
ရှုရှု 'အို' ဟုပြန်ပြောကာ ပြန်ဆုတ်လာပြီး ဖုန်းကိုကိုင်ကာ ဖြေလိုက်သည်။ "အမေ.........."
သူမ ငယ်ငယ်ကတည်းက အန်တီမူလိကိုခေါ်ခဲ့တာကြောင့် အခု 'အမေ' လို့ခေါ်ရတာက နည်းနည်း ကသိကအောက်နိုင်လှသည်။
'အမေ' လို့ခေါ်တိုင်း အကျယ်ကြီးပြောဖို့ခက်လှသည်။
တဖက်ကနေ မဒမ်မူလိရဲ့ သက်ပြင်းချသံကို ကြားလိုက်ရပြီး "ရှုရှု တတိယရန်နဲ့ ပြန်ပြေလိုက်ပါလားကွယ် သူမှားတာ အမေသိပါတယ် သူ့ကို အမေညတိုင်း အပြစ်တင်နေတာ"
အဲ့လိုပြောတာကြားတော့ ရှုရှု သူမကိုပြောပြချင်တာက ပြန်အဆင်ပြေဖို့ မပြေဖို့က သူမဆုံးဖြတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့
ဒါဆို ဘယ်သူဆုံးဖြတ်နိုင်တာလဲ ရန်ရုချန်လည်း ဟုတ်ပုံမရ
ပြန်အဆင်ပြေမယ့်အကြောင်း တစ်ယောက်ယောက်က ပြောလိုက်တာနဲ့ ဘယ်ကနေစပြောလို့ပြောရမှန်းမသိတော့
သူမ နှုတ်ခမ်းကိုက်ကာ တိတ်ပဲတိတ်နေလိုက်သည်။
မူလိ ထပ်သက်ပြင်းချကာ "အဲ့ကောင်လေးက ငါ့ကို စိတ်ပူအောင်လုပ်တယ် ငါမနက်ဖန်လေယာဥ◌်လက်မှတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အိမ်ပြန်ရောက်ရင်ကောင်းကောင်း သင်ခန်းစာပေးရမယ်"
ရှုရှု စိုးရိမ်သွားကာ "မဟုတ်ဘူး အန်တီ.....အမေ သမီးတို့အဆင်ပြေပါတယ် အိမ်ပြန်လာစရာမလိုပါဘူး"
သူတို့ကြောင့် သူမ တက္ကသိုလ်ကနေ ထွက်ရတော့မည်။
ဆရာမတစ်ယောက်ဖြစ်ဖို့က သူမအိမ်မက်ပင် အဘွားက အနားယူလိုက်ပြီး ရန်ရုချန်က ငယ်ငယ်လေးနဲ့ကုမ္ပဏီကိုသာ လက်လွှဲမယူခဲ့ရင် သူမအိမ်မက်တွေဖြစ်အောင်လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး
သူမက အမြဲထိုအတွက်ကြောင့် အပြစ်ရှိသလိုခံစားနေရပြီး သူတို့ကို အမြဲဂရုစိုက်တာကြောင့် ရှုရှု ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတောင် မသိတော့
မူလိက စိတ်ပူစွာဖြင့် လေးနက်စွာပြောလိုက်သည် "မိုက်လိုက်တဲ့ကလေး သမီးနဲ့ရှောင်ချန်ထက် အရေးကြီးတဲ့ကိစ္စဘာမှ မရှိဘူး သမီးတို့နှစ်ယောက်ရဲ့လက်ရှိ အခြေအနေကို မြင်ရတာ စိတ်မအေးနိုင်ဘူး အိမ်ပြန်လာပြီး နှစ်ယောက်လုံးကို တချက်ပြန်ကြည့်တာ အကောင်းဆုံးပဲ"
ရှုရှု စိုးရိမ်စွာ "ဒါမဲ့ ပြန်လာစရာမလိုပါဘူး အမေ သမီးတို့နဲ့ပက်သက်ပြီး ဘာမှ စိတ်ပူစရာမလိုပါဘူး"
သူမကြောင့် သူမချစ်ရတဲ့ အန်တီမူလိ သူ့ဝါသနာကို စွန့်လွှတ်လိုက်ရမှာမျိုးမဖြစ်စေချင်ဘူး
"သမီးတို့က အမြဲဒီလိုပါပဲ" သူမထပ်ပြောလိုက်သည် "ငယ်ငယ်ကတည်းက သမီးတို့အမြဲတစ်ယောက်နဲ့တစ်ယောက် ရန်စနေကြပြီး ကြည့်လို့မှ မရတာ"
သူမပြောတာကြားတော့ အန်တီမူလိက ဆက်ကာ "လက်မှတ်ဖြတ်ပြီး မနက်ဖန် ပြန်လာခဲ့မယ် သမီးတို့နဲ့ ရက်အနည်းငယ်လောက် တူတူနေပေးပြီး နောက်တပတ်လောက်နေမှ အစည်းအဝေး တစ်ခုရှိလို့ကျောင်းပြန်သွားလိုက်မယ်"
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...