333

827 77 0
                                    

အခန်း ၃၃၃ ဘာလို့ ခက်ခဲအောင် လုပ်ချင်နေတာလဲ
ဘာ? ကန်တင်းကိုသွားတယ်?
သူအဲ့လိုနေရာကို မုန်းတယ်ဆိုတာ သူမမသိဘူးလား?
သူအဲ့ကို တခါပဲရောက်ဖူးသည် ၂ နှစ်နီးပါးတောင် ကြာပြီ အဲ့တစ်ခါပြီးကတည်းက ကုမ္ပဏီ ကန်တင်းကိုနောက်ဘယ်တော့မှ မသွားဘူးဟု သူကျိန်ဆိုခဲ့တာပဲ
သူ့ပန်းကန်ထဲကို အစာအိမ်ထဲမှာ ရှိသမျှ အကုန် အန်ချခဲ့တာ လူတစ်ယောက်ကြောင့်သူဘယ်တော့မှ မမေ့ဘူး
အဲ့လို ဖြစ်ပြီးကတည်းက သူရွံလွန်းလို့ ဖျားပါဖျားခဲ့တာ အဲ့နေ့ပြီးကတည်းက ကန်တင်းကို ခြေမချတော့တာပဲ
ပြီးတော့ အဲ့ဒီ အလုပ်သမားကို သူအလုပ်ထုတ်ခဲ့သည်။
ဒီငတုံးမက မကြာခန ကန်တင်းကိုသွားသည်။ သူ့ကို တမင် ဒေါသထွက်အောင် လုပ်တာ သိသာနေတာပဲ သူတစ်ခုခုများ အများလုပ်မိလို့လား
“ငါမလာဘူး အခု ပြန်လာခဲ့” သူမကိုအမိန့်ပေးလိုက်သည်။
ရှုရှုက ခက်ရင်းကိုကိုင်ထားကာ သစ်သီးသုတ်စားနေတာပင် သူမအေးစက်စွာဖြင့် “စားလို့ပြီးတော့မယ် နင့်အတွက် စားစရာတချို့ ယူခဲ့ရဦးမလား သစ်သီးသုတ်က အရမ်းလက်ဆတ်တယ်ရယ်”
သခင်လေးရန်ရဲ့ အသက်ရှုသံ ပြင်းပြင်းကို ရှုရှုကြားနေရသည် သူပေါက်ကွဲတော့မယ် ဆိုတဲ့ သတိပေးတဲ့ သဘောပင်
အခု သူ့အမူအရာက ရုပ်ဆိုးနေလောက်မလား?
တွေးမိတာနဲ့ သူမပျော်လာတော့သည်။ လူကြားထဲမှာသာ မဟုတ်ရင် သူမအော်ရယ်မိမှာပဲ
သူမ အလုပ်ဖော်တွေက အမျိုးကောင်းသားလေးက သူ့မိန်းမကို ဘယ်လောက်ချစ်သလဲဆိုတာကြည့်ပြီး အားကျနေကြသည်။
သူမနေ့လည်စာထွက်စားတာကို သူက လွမ်းနေပြီတဲ့လား
“ဝမ်ရှုရှု!”
ရှုရှု ခန့်မှန်းသလိုပင် ရန်ရုချန်တကယ်ပဲ ပေါက်ကွဲနေပြီ ရှုရှု ပြန်ပြောတာတောင်မစောင့်ဘဲ ဖုန်းချလိုက်တော့သည်။
ရှုရှု ကန်တင်းက ပြန်လာတော့ သူမ ခုံမှာပဲ ပြန်ထိုင်ကာ ရန်ရုချန် ရုံးခန်ကို မဝင်ဘူး နေ့လည် ကော်ဖီသောက်ချိန်ရောက်လာတော့ သခင်လေးရန်သည်းမခံနိုင်တော့
သူ့ခွက်လွတ်ကို လက်တဖက်က ကိုင်ကာ ရှုရှုကြိုးဖုန်းကိုခေါ်လိုက်သည်။
ရှုရှု ချက်ချင်းကိုင်ကာ “ဥက္ကဌရန်”
“ဘလက်ကော်ဖီ သကြားမထည့်ဘူး”
သူချက်ချင်း ဖုန်းချလိုက်သည်။ တယ်လီဖုန်းကို စိုက်ကြည့်ပြီး “ငတုံးမ ဘလက်ကော်ဖီ သကြားမထည့်ဘူး ဘာသဘောလဲ မင်းသိသင့်ပြီ”
Knock knock knock
တစ်စုံတယောက်တံခါးခေါက်လို့နေသည်။
ရန်ရုချန်တည့်တည့်ထိုင်ကာ လေသံတည်တည်ဖြင့် “ဝင်ခဲ့”
ရှုရှုလျှောက်လာကာ “ဥက္ကဌရန်”
သူမ တံခါးကို မပိတ်ခဲ့ဘဲ ရန်ရုချန် ခုံစီလာကာ ခွက်ကို ယူဖို့ လက်ဆန့်လိုက်သည်။
ရန်ရုချန် သူမလက်ကောက်ဝတ်ကိုလှမ်းဆွဲကာ “ဘာလို့ ခက်ခဲအောင်လုပ်နေတာလဲ”
ရှုရှုခေါင်းခါကာ အပြစ်ကင်းတဲ့ အမူအရာဖြင့် “မလုပ်ပါဘူး”
သူမလက်ကိုသူ့စီက ရုန်းကာ ခွက်ကို လှမ်းယူပြီး ထွက်သွားမလိုလုပ်လိုက်သည်။
ရန်ရုချန် သူမကို လှမ်းဆွဲကာ သူ့စီ ဆွဲခေါ်လိုက်သည်။
ဒါမဲ့ ရှုရှုက စားပွဲခုံအစွန်းကို ကိုင်ထားကာ ရန်ရုချန် လုပ်ချင်သလို လုပ်ခွင့်မပေး
သူမဒေါသထွက်လာကာ သူ့ကိုကြည့်လိုက်ပြီး “နင်တကယ်သိချင်တာလား”
‘သူ သတင်းဖတ်ပြီးပြီလား မဟုတ်ရင် သူမက တခြားမိန်းမတွေနဲ့တူတူရှိလည်း သူ့ကို စိတ်မဝင်စားဘူးလို့ထင်နေတာလား’
ရန်ရုချန် မျက်ခုံးမြင့်ကာ “ဘယ်လိုထင်လဲ”
“ဒီမနက် ငါတို့ သတင်းကို မြင်ပြီးပြီလား”
သူတို့နှစ်ယောက်လုံး အလုပ်နောက်ကျတာကြောင့် သူသတင်းဖတ်ပြီးပလား မသေချာဘူး
ပြီးတော့ သူကသူ့ဖုန်းနဲ့ သတင်းကြည့်တတ်တဲ့သူလည်း မဟုတ်ဘူး
“သတင်း?” ရန်ရုချန် ဦးနှောက်ခြောက်သွားကာ သူတို့က သတင်းထဲ ပါလာတယ်?
သူ ဒီမနက် ရုံးကို အမြန်လာရပြီးတော့ အရေးကြီး ကိစ္စတွေဖြေရှင်းနေရတာ သတင်းစာဖတ်ဖို့တောင် အချိန်မရှိဘူး
သူအံဆွဲကိုဖွင့်ကာ သတင်းစာတွေအကုန်ထုတ်လိုက်သည် ခေါင်းစီးပိုင်း ‘တတိယသခင်လေး’ ဆိုတာက သူ့အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now