အခန်း ၃၆၁ ဟန်ဆောင်မှု သက်သက်ပဲ
ရန်ရုချန်ရဲ့တည်ရှိမှုကြောင့် ပြဇာတ်က ဝန်ထမ်းတွေက အရမ်းကို ပူးပေါင်းပေးပြီး ဖန်ကျားရင်ရဲ့တင်ဆက်မှု အတွက် အကောင်းဆုံး ပြင်ဆင်ပေးကြသည်။
နိုင်ငံခြားက တချို့နာမည်ကြီး တယောပညာရှင်တချို့နဲ့ အတူ ထိပ်ဆုံးတန်းမှာ ဝင်ထိုင်လိုက်သည်။
ဖန်ကျားရင်က စင်ပေါ်မှာ သူမရဲ့ ဝတ်စုံရှည် အနီရောင် နဲ့ အလင်းရောင် သူမပေါ်ဖြာကျလို့ စင်ပေါ်မှာ မျက်စိမှိတ်ကာ သူမဖျော်ဖြေမှုထဲ နစ်မြောလျက်
နားဆင်သူတွေတောင် သူမရဲ့ဖျော်ဖြေမှုထဲမျောပါလို့နေသည်။
'အားချန် အရင်တုန်းကလို ငါတော်ရဲ့လား'
'အင်း'
'အင်း ငါဖျော်ဖြေတာ ကောင်းလား'
'အင်း'
သူ့စိတ်ထဲ တချို့အရာတွေ ပြန်ပေါ်လာလျက် သူမ တယောထိုးတာကို အဲ့တုန်းကအလေးအနက်နားထောင်ခဲ့တာမရှိ သူမ သဘောကျတဲ့အရာတိုင်းကို သူသဘောကျပေးသင့်တယ်လို့ထင်ခဲ့ရုံပဲ
ဖန်ကျားရင် တယောထိုးနေတာကို ကြည့်နေတာနဲ့ ဝမ်ရှုရှုရဲ့ ပျင်းစရာကောင်းပြီး ကလေးဆန်တဲ့ဇာတ်ကားတွေကို ကြည့်ပေးရတာနဲ့ကို သူနှိုင်းယှဥ◌်နေမိသည် သူ နှစ်ခုလုံးကို စိတ်မဝင်စားပေမယ့် ခံစားချက်တွေကတော့ မတူညီပေ
သူမ ဂီတကို စိတ်ဝင်စားချင်ယောင် ဟန်ဆောင်တာ သက်သက်ပဲဆို သူမအတွက် သူ့အချစ်ကကော?
သူတို့တူတူရှိနေတုန်းလို ရင်းနှီးနေဆဲ ပြီးတော့ သူမဝန်ခံမှုတွေကလည်း သူ့စိတ်ကို အရိုင်းဆန်နေစေဆဲ ပြောရရင် သူတို့ သူတို့ရဲ့ ပထမဆုံးတွေကို အချင်းချင်းပေးခဲ့ကြတာလေ
'သူဒါကို ဘယ်လိုရှင်းပြရမလဲ'
ပြီးတော့ ရှုရှု အပေါ်သူ ခံစားချက်တွေက အရမ်းကို သေချာပြီး သူမက အစားထိုးလို့မရဘူး ဒီလိုဆို သူဖန်ကျားရင်အပေါ် ဘာခံစားချက်မှ ထပ်ထားလို့မရဘူး
ဒါမဲ့ သူတို့ တူတူဖြတ်သန်းခဲ့တဲ့ ပထမဆုံးညကို သူခုထိ မမေ့နိုင်သေးဘူး
"အားလုံးကိုကျေးဇူးတင်ပါတယ်"
ဖန်ကျားရင် သူမဖျော်ဖြေမှု ပြီးဆုံးသွားကာ ပရိတ်သတ်ကို ဦးညွှတ်လိုက်သည်။
စင်တခုလုံးတောက်ပလာသည်။
ရန်ရုချန် အတွေးထဲကထွက်ကာ နာရီကိုကြည့်လိုက်တော့ ၉ နာရီပင်ထိုးတော့မည် သူ့ဖုန်းကို အမြန်ထုတ်လိုက်သည်။
ဖုန်းခေါ်ထားတာမရှိစာဝင်ထားတာလည်းမရှိတာမြင်တော့ စိတ်ပျက်သွားတော့သည်။
စိတ်ထဲကနေ ဝမ်ရှုရှုကို အပြစ်တင်လိုက်သည်။ 'အရူးမ သူ့ကိုမမြင်တာကို ဖုန်းလေးတချက်တောင်ဆက်လို့ မရဘူးလား သူအမြန်စာပို့လိုက်သည်။
'ရှုရှု နောက်ကျနေပြီ အိမ်အရင် ပြန်နှင့်တော့'
"အရင်က ကျွန်မ လုပ်အားပေးဖူးတဲ့ ကျောင်းကကလေးတွေကို ဖိတ်ထားတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ် ကျွန်မ အရမ်းကို ဝမ်းသာမိပါတယ်"
ဖန်ကျားရင် စင်ပေါ်ကနေ ခံစားချက်အပြည့်နဲ့ပြောလိုက်သည်။
ရန်ရုချန် စင်ပေါ်ကိုကြည့်လိုက်တော့ ကောင်းမွန်စွာဝတ်ဆင်ထားတဲ့ကလေးတွေ နောက်ဘက်စင်ကနေ လူသွားလမ်းပေါ်ကို အမျိုးသမီးတစ်ယောက်နဲ့လျှောက်လာခဲ့သည်။
ကလေးတွေက အသက်အရွယ်အမျိုးမျိုးနဲ့ တောက်ပနေတဲ့ အနက်ရောက်မျက်လုံးတွေက လူအုပ်ကြီးကိုကြည့်လို့
ကလေးတွေက ဖန်ကျားရင်ကို မြင်တော့ သူမစီပြေးသွားလိုက်ကြသည်။
"ဆရာမဖန်"
ဖန်ကျားရင် ဒူးကွေးကာ သူတို့ကိုဖက်လိုက်သည်။
ရန်ရုချန် သူရှေ့က မြင်ကွင်းကိုမြင်တော့ မိဘမဲ့ဂေဟာကကေလးတွေကို ရှုရှု ဆက်ဆံတဲ့ ပုံစံကို သတိရကာ ပြုံးလိုက်မိသည်။
ရှုရှုကလေးတွေကို ဂရုစိုက်တဲ့ပုံစံက ပိုရိုးသားပြီး စစ်မှန်ပေမယ့် ဖန်ကျားရင်လည်းအဲ့လိုပဲဆိုတာတော့ ငြင်းမရပေ ဒါမဲ့သေချာကြည့်ရင် ရှုရှုပုံစံက ကလေးတွေအပေါ် မိခင်ပိုပီသသည်။
ဝမ်ရှုရှုအကြောင်းတွေးမိတာနဲ့သူဖုန်းကိုထပ်ကြည့်လိုက်တော့ သူမစီက ပြန်စာမရ
ကလေးစုတ်လေးနဲ့ အချိန်ကောင်းရနေတာပဲနေမှာ ထိုသို့တွေးမိတာနဲ့ ဂနာမငြိမ်တော့
ဖန်ကျားရင်ကို ကျေးဇူးတင်တဲ့အနေနဲ့စင်ပေါ်ကကလေးတွေက သီချင်းဆိုနေကြသည်။
ဖန်ကျားရင်က မျက်ရည်ဝဲကာ နားထောင်လို့နေသည်။
တင်ဆက်မှုပြီးသွားတော့ ရန်ရုချန် ဖန်ကျားရင်ကို နှုတ်ဆက်ဖို့ စင်နောက်ဘက်ကို သွားလိုက်သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...