Chapter 266

1.1K 117 0
                                    

အခန်း ၂၆၆ သူဌေးက အခု စိတ်အခြေအနေမကောင်းဘူး

ရှုရှုနောက်ဆုံးတစ်ခါလာလည်တာ တစ်လနီးပါးကြာနေပြီဖြစ်တာကြောင့် ကလေးတွေက သူတို့ကို မြင်တော့ မိသားစုကို တွေ့လိုက်သလို ပျော်ရွှင်စွာ ပြေးလာကြသည်

အရင်က ရှုရှုက ကျိုးရှင်းနဲ့လာခဲ့တာ ဒီတစ်ခါတော့ အရပ်ရှည်ပြီး ချောတဲ့ အကိုကြီးတစ်ယောက်ပါ တူတူပါလာသည် ပြီးတော့ လက်ဆောင်တွေလည်း ယူလာသေးသည် ကလေးတိုင်းက ပျော်ရွှင်စိတ်လှုပ်ရှားနေကြသည်

......

"မြန်မြန်မောင်း"

အမဲရောင် မာစီးဒီး S600 ကားက လေဆိပ်ကနေ အပြန်လမ်းတစ်လျှောက် အမြန်မောင်းလာသည်

ခန့်ညားလှတဲ့ လူတစ်ယောက်က ကားမောင်းသူဘေးထိုင်ခုံမှာ ထိုင်နေကာ ဒေါသတကြီးနဲ့ ကားဆရာကို အမြန်မောင်းဖို့ ပြောနေသည်

ပြောပြီးတာနဲ့ သူခေါင်းငုံ့ကာ သူဖုန်း စခရင် မျက်နှာပြင်ကို ကြည့်လိုက်သည် အမျိုးသမီးလေးတစ်ယောက် ငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့ပုံလေးက သူ့စိတ်ကို လှုပ်ကိုင်နေသလိုပင်

'အဲ့ဒီ နှလုံးသားမရှိတဲ့ အရူးမက ငါမရှိတဲ့ ၄ ရက်လုံး ငါ့ကိုတချက်ကလေးမှ မဆက်သွယ်ဘူး ငါက မာနဘေးချပြီး အဝေးကို သွားမယ်လို့ လှမ်းပြောတာတောင် စာမပြန်ဘူး'

ဘာပဲ ဖြစ်ဖြစ် သူအိမ်ကို တတ်နိုင်သမျှ မြန်မြန်ပြန်ချင်နေတုန်းပင် ပြီးတော့ ဒီအတွေးက သူ့ကို ခရီးတစ်ခုလုံး ရတက်မအေးအောင် လုပ်လို့နေသည် သူမရဲ့ အဖတ်မလုပ်တတ်တဲ့ မျက်နှာလေးကို တွေ့ချင်နေမိသည်

သူ့ခရီးက အစက ၁ ပတ်ကြာမှာပင် ဒါမဲ့ သူ ၄ ရက်အတွင်း အပြီးသတ်ခဲ့သည်

အဲ့ဒါကြောင့် သူမကို အသိမပေးခဲ့ပေ သူမကို စနေနေ့ မိဘမဲ့ဂေဟာကို အဖော်လိုက်ပေးမယ်လို့ ကတိပေးထားတာပင် အဲ့ဒါကြောင့် သူသေချာ ပြန်မယ့် လေယာဉ်လက်မှတ်ကို သူမ မရောက်ခင် ရောက်နေဖို့ ရွေးထားတာပင်

ဒီအတွေးနဲ့တင် သူနိုင်ငံခြားက ဝယ်လာတဲ့ အရုပ်နဲ့ မုန့်အိတ်တွေအပြည့်ဖြစ်နေတဲ့ နောက်ခုံကို ကြည့်လိုက်သည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now