အခန်း ၃၃၆ တစစီဆွဲဆုတ်ပစ်ချင်သည်
ရှုရှု သူပြောတာ ကြားပြီး သူ့စိတ်ပူနေတာသိရတော့ သူမနှလုံးသားလေး အရည်ပျော်သွားသည်။
သူမ ရှင်းပြလိုက်သည်။ “ငါ့ဖုန်းအားကုန်သွားတာ”
ရှင်းပြပြီးတော့ သူ့စီကိုလျှောက်လာကာ ရန်ရုချန်ကို ဖက်လိုက်သည်။ သူမခေါင်းကို သူ့ရင်ဘတ်ပေါ်မှီကာ “အားချန် အရာအားလုံးက အခု အရမ်းကိုကောင်းမွန်နေတာပဲ”
သူ့ဒေါသတွေ သဝန်တိုမှုတွေ စိတ်မချမှုတွေက သူမဖက်လိုက်တာနဲ့ အကုန်ပျောက်ကွယ်သွားသည်။
ရန်ရုချန် သူမကို နောက်ကျောကိုပြန်ဖက်ကာ သူမနဖူးကို နမ်းလိုက်သည်။
သူ့ကိုယ်သူတွေးနေတာက ‘ရှုရှု အရာ အားလုံးကို တကယ်ကိုကောင်းမွန်နေတာပဲ”
……..
ရန်ရုချန် နောက်ပိုင်း အလုပ်တွေနဲ့ နစ်လို့နေသည်။
သူ့ လက်ထဲမာ မောက်စ်ကိုကိုင်ထားကာ တဖက်မှာက ခွက်တစ်ခုနဲ့ သူ့မျက်လုံးတွေက ကွန်ပျုတာ မျက်နှာပြင်ပေါ်မှာ F and P ရဲ့ ရှယ်ယာစေ◌ျးကွက်ကို ကြည့်လို့နေသည်။
သူအလုပ်လုပ်နေတုန်း တံခါးမခေါက်ဘဲရုံးခန်းတံခါးပွင့်လာခဲ့သည်။ ရန်ရုချန်က ဘယ်သူလဲ သိနေတာကြောင့် အလုပ်ပဲဆက်လုပ်နေခဲ့သည်။
“ဥက္ကဌရန် မြို့တော် Y က Mr. ချာလီက Metropolis ဟိုတယ်မှာ ဒီည ၇ နာရီ ညစာစားဖို့ချိန်းထားပါတယ်” ဝမ်ရှုရှု တံခါးပြန်ပိတ်ကာ သူ့စီလျှောက်လာခဲ့သည်။
ရန်ရုချန် နှစ်ခါတောင်ပြန်မစဥ◌်းစားဘဲ ရှုရှု့ကိုပြောလိုက်သည်။ “သူ့ကို မမြင်ချင်ဘူးလို့ပြောလိုက်”
ရှုရှု ခြေလှမ်းရပ်သွားကာ ဒေါသတကြီး စိုက်ကြည့်ပြီး “ရန်ရုချန်!”
“ငါမသွားဘူး” ရန်ရုချန် ပြောလိုက်သည်။ “အချိန်ဖြုန်းမနေနဲ့ သူနဲ့ မတွေ့ဘူး”
အဲ့လူကိုတွေ့ရမှာထက် သူအသေပဲ ခံလိုက်မည်။ မဟုတ်ရင် သူ့ကိုမြင်တာနဲ့ ထရိုက်မိလိမ့်မည်။
ရှုရှု သူ့ကို အတင်းမပြောတော့ဘဲ အေးအေးဆေးဆေးပင် “အဲ့ဒါဆိုလည်း ငါ့ဘာငါပဲ သွားတွေ့ရတော့မှာပေါ့”သူမပြောပြီး ထွက်သွားမလို့လုပ်လိုက်သည်။
‘ဒီ ငတုံးမက သူ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့’ သူမထွက်သွားတဲ့ ပုံစံကို ကြည့်ပြီး ရန်ရုချန်ဒေါသထွက်လာတော့သည်။
သူ သဘောမတူရင် သူမ တကယ်သွားတွေ့မည်ဆိုတာ သူသိသည်။
အဲ့ဒါကြောင့် သူအံကြိတ်ကာ ပြောလိုက်သည် “မင်းမျှော်လင့်ထားသလို ပြုမူဆက်ဆံနိုင်မယ်လို့တော့ ငါအာမမခံနိုင်ဘူးနော်”
ရှုရှု ပျော်ရွှင်စွာ လှည့်လာကာ ရန်ရုချန်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုကော စိတ်ကျေနပ်မှုကော ပြည့်လျက် “နင်က စီးပွားရေးအကြောင်းဆွေးနွေးမှာလေ သူ့ကို လက်နက်ချ အလျှော့ပေးမှာမှ မဟုတ်တာ”
ရှုရှုရဲ့ ရွှင်မြူးနေတဲ့ အမူအရာကိုမြင်တော့ ရန်ရုချန် စိတ်ဆိုးသလိုခံစားလိုက်ရသည်။အခုက စပြီး ရှုရှု့လက်အောင်ရောက်တော့မှာလား
စိတ်ထဲမှာတွေးနေကာ အဆုံးမှာတော့ အမိန့်ပေးလိုက်သည်။ “ဒီလာခဲ့”
ရှုရှု မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နေရာကမရွေ့ သိချင်စိတ်ဖြင့် “ဘာလို့လဲ”
“ငါ့ကို လာနမ်း” ရန်ရုချန် သူ့ရဲ့နှင်းဆီရောင် နှုတ်ခမ်းတွေကို ညွှန်ပြကာ ပြုံးနေလျက် “မင်းပြန်ပေးရမှာပဲလေ”
‘ဘာကိုပြန်ပေးရမှာလဲ F and P က ရန်တွေဟာလား ဝမ်တွေဟာလား?’
သူမ ဒီလောက် F and P အတွက် အလုပ်ကြိုးစားနေတာကို သူမနဲ့ အခြေအနေ အပေးအယူတွေ အကြောင်းပြောနေရသေးတာလား
ဝမ်ရှုရှု ရန်ရုချန်ပြောစကားကြောင့်ကြောင်နေကာ သူ့ကို စိုက်ကြည့်ပြီး “နင်တကယ်ကို အရှက်မရှိတာပဲ”
သူမ ရှုံးနိမ့်သလို သက်ပြင်းချကာ ရှေ့ကို ကုန်းပြီး သူ့ကိုနမ်းလိုက်သည်။
ရန်ရုချန် အနမ်းကို ခံစားမလိုရှိသေး သူမက ထိပြီးတာနဲ့ထွက်သွားတော့သည်။
သူ့နှုတ်ခမ်းက အရသာကို ခံစားနေကာ သူတွေးနေတာက နောက်တခါ ထပ်အရသာခံလို့ရရင်ကောင်းမည်ဟု
သူတို့ အာ့လို အခြေအနေမျိုး လုပ်တိုင်း ခံစားချက်တွေက စကားနဲ့တောင် ပြောပြဖို့ခက်လှသည်။
သူတဖြည်းဖြည်း စွဲလမ်းလာသလိုပဲ
………
ဇိမ်ခံ သီးသန့်အခန်းထဲတွင် လူမျိုးမတူတဲ့ ကျက်သရေရှိတဲ့ အမျိုးသားနှစ်ယောက် လက်ဆွဲနှုတ်ဆက်နေကြသည်။
“ဟိုင်း Mr.ချာလီ” ရန်ရုချန် သူ့လက်ကို တင်းတင်းဆုတ်ကာ သူတို့နှစ်ယောက်ကြားသွေးချောင်းစီးတော့မလို စိုက်ကြည့်လိုက်သည်။
သူ့မိန်းမကို စိတ်ဝင်စားနေတဲ့ ဘယ်သူ့ကိုမဆို သူဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး
သူ့ရဲ့ လက်ရှိခံစားချက်က ရှုရှုကိုကျောင်းမှာ ရည်းစားစာပေးတဲ့ကောင်တွေကို မြင်နေရသလိုပဲ သူ့ကိုလည်း တစစီ ဆွဲဆုတ်ပစ်ချင်သည်။
အခု သူဘယ်လောက် ပိုင်ဆိုင်လိုစိတ်ပြင်းထန်လည်း သူသဘောပေါက်သွားပြီ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...