အခန်း ၂၉၉ မိန်းမနောက်ကိုလိုက်တာ
ဒါမဲ့ ဘာလို့ အဲ့ညက သူမအပေါ်မှာ ရှိနေတုန်း ဘာလို့ဖန်ကျားရင်နာမည်ကို ခေါ်ခဲ့ရတာလဲ မူးနေလို့လား?လွန်ခဲ့တဲ့ ၃ နှစ်က အဲ့ညကလည်း သူ့ရည်ရွယ်ချက်ကို အထင်လွဲခဲ့တာကြောင့် သူ့ဘေးမှာ နေပေးခဲ့တာ
ရန်ရုချန် သူမ မျက်လုံးပေကလယ် ပေကလယ် လုပ်နေတာမြင်တော့ သူမနဖူးကို ညင်သာစွာ နမ်းကာ
"အတွေးတွေ မရိုင်းစေနဲ့ မင်းကိုငါလက်ထပ်ထားမှတော့ တခြားသူအကြောင်း ငါစဥ◌်းစားမှာ မဟုတ်ဘူး မင်းမှာလည်း ငါ့ကိုတားပိုင်ခွင့်ရှိတယ်”
သူဘာပြောချင်လဲဆိုတာ သူမနားလည်လားဆိုတာတော့ သူလည်းမသေချာဘူး
သူအငြင်းခံရမှာကြောက်ပြီးတော့ အငြင်းခံရရင် နောက်တစ်ခါ သတ္တိရှိတော့မှာ မဟုတ်ဘူး အဲ့ဒါကြောင့် သူမအတွက် သူ့အချစ်တွေကို ဒီလိုနည်းနဲ့ဖော်ပြဖို့ လုပ်ထားတာ
‘ရှုရှု တွေးပူမနေပါနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ရန်ရုချန်ကို လက်လျှော့ခဲ့ပြီးတော့ သူနဲ့ ပြန်အဆင်ပြေဖို့ ရည်ရွယ်ချက်မရှိဘူး…’
ရန်ရုချန် ဝန်ခံတာ ကြားပြီးတော့ နေ့လည်က သူမကို ဖန်ကျားရင်ပြောတာကို ချက်ချင်း သတိရလိုက်သည်
‘သူတို့ မပြောခင်တိုင်ပင်ထားကြတာလား’ အသံပုံစံတွေတောင်တူလို့
ရှုရှုစိတ်ထဲက လှောင်ကာ တိတ်တိတ်လေးနေလိုက်သည်။
သူမ အခန်းကိုပဲ ပြန်ဖို့ လုပ်နေတာကြောင့် ရန်ရုချန် ရွေးချယ်စရာမရှိဘဲ သူမကို သွားခိုင်းလိုက်ရတော့သည်။
ဒါမဲ့ နောက်ရက်ကျ ရန်ရုချန် သူအဝတ်အစားတွေအပါအဝင် သူ့ပစ္စည်းတွေ အကုန်လုံးသယ်လာကာ ညအိပ်ဝတ်စုံနှင့်သူမစီရောက်လာတော့သည်။
ရန်ရုချန် သူ့ပစ္စည်းတွေနဲ့ ဝင်လာတော့ ရှုရှုအိပ်နေတုန်းရှိသေးသည်။
"ဒီအခန်းက ငါ့အခန်းထက်တော့ ကျဥ◌်းပေမယ့် သေးတဲ့နေရာက အသံပိုလုံတာပေါ့လေ”
‘ဒီလိမ္မော်ရောင် နံရံရောင်က ရှုရှုပုံစံနဲ့ မလိုက်ဘူး’
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...