116+117+118+119+120

2K 213 8
                                    

အခန်း ၁၁၆ မင်းသဘောမတူချင်ရင်တောင် သဘောတူရမှာပဲ

ဝမ်ရှုရှု ခေါင်းငြိမ့်ပြလိုက်သည် ဝမ်ဒါချင်းရဲ့ အကြောင်းပြချက်တွေကို နားမလည်ပေမယ့် ဝမ်ရှုရှု စိတ်ထဲ ထင်နေမိတာ သူမ တစ်ခုခုကို ကြံစည်နေသလိုပဲ ဘယ်လိုပဲဖြစ်ဖြစ် ရှုရှုက ဝမ်ဒါချင်းရဲ့တောင်းဆိုမှုကြောင့် ဒီမှာနေပြီး ညွှန်ကြားပေးရမှာပဲ

"အဘွား?" ဝမ်ဒါချင်းပြောနေတဲ့ အချိန်မှာပဲ ရန်ရုချန် ပြန်လာပြီး သူ့ပုံစံက ကြည့်ကောင်း သွက်လက်လို့နေသည် ရန်ရုချန် ဝမ်ဒါချင်းနဲ့ ဝမ်ရှုရှု ကိုမြင်တော့ သူတို့ဆီ အမြန်လျှောက်လာခဲ့သည် ရန်ရုချန် ဝမ်ရှုရှုဆီ အကြည့်ရောက်တော့ သူ့အမူအရာက အေးစက်သွားသည် ဝမ်ရှုရှု မနက်က ဝမ်ဒါချင်းအိမ်မာ ဝတ်ထားသလို သူမ မျက်နှာက မိတ်ကပ်မပါဘဲ နူးညံပျော့ပျောင်းလို့နေသည်  တောက်ပပြီးရှင်းလင်းနေတဲ့မျက်နှာလေးက ဖူးပွင့်တော့မယ့် ကြာပန်းလေးလိုပင်

ရန်ရုချန် မနေ့ညက ကိစ္စကို အတွေးပြန်ရောက်ပြီး သူ့စိတ်ထဲ လှိုင်းရိုက်သွားသလိုပင် သူ့ရဲ့အတွင်းရေးမှုးအသစ် ဝမ်ရှင်းယီက အပြာရောင်ဖိုင်ကို ကိုင်ထားရင် သူ့နားရပ်လို့နေသည် ဝမ်ဒါချင်းကိုမြင်တော့ ခေါင်းညွှတ်ကာ နှုတ်ဆက်လိုက်သည် "ဥက္ကဌကြီး"

ဝမ်ဒါချင်းက အသိအမှတ်ပြုသလို ကြင်နာစွာ ခေါင်းငြိမ့်ပြကာ "လွန်ခဲ့တဲ့၂ က ဘယ်လိုနေလဲ ကျင့်သားရသွားပြီလား"

ဝမ်ရှင်းယီ တွန့်ဆုတ်စွာဖြင့် ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေလိုက်သည် "အဲ့ဒါ အဲ့ဒါကအဆင်ပြေပါတယ်" သူမ အခုထိ ကျင့်သားမရသေးဘူးဆိုတာ မပြောရဲပေ သူမအဘိုးပြောထားသလို ရန်ရုချန် ဂရုစိုက်ပေးဖို့ ဆိုတာ အဝေးကြီး သူမ ဒီလို နစ်နာခံရတာထက်စာရင် ပြန်ပို့ခံရမှာ မဖြစ်ချင်ဆုံးပင်

ဝမ်ဒါချင်း ဝမ်ရှင်းယီရဲ့ ကြောက်ရွံနေမှုကိုလေ့လာပြီး ပြုံးပြလိုက်သည် "ရှင်းယီ ငါ အတွင်းရေးမှူးဝမ်ကို သမီးကို သင်ပြပေးဖို့ ခေါ်လာခဲ့တယ် ဒီအချိန်ခနလောက် သူ့စီက သင်ယူပေါ့ လုပ်နိုင်မှာပါ"

ဝမ်ရှုရှု ကုမ္ပဏီကို ခန လာပေးရပေမယ့် ဥက္ကဌရုံးခန်းထဲ ဖြစ်ပျက်နေတာတွေ အကုန် အျသးစိတ်က အစ သတိထားမိသည်  ဝမ်ရှင်းယီ ပုံစံက သူမထင်သလိုပင် ရန်ရုချန်ဘေးမှာနေရငိ နူးညံ့တဲ့နှလုံးသားနဲ့ နေလို့မရပင် တောင်းပန်ပါတယ် ခနခန ပြောနေတာနဲ့ မကြာခင် တစစီဖြစ်မှာပဲ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now