331

865 78 0
                                    

အခန်း ၃၃၁ ဥက္ကဌရန်ရဲ့နည်းလမ်းတွေ

ကလေးတွေက စိတ်ရှုပ်ဖို့ကောင်းတယ်လို့ သူထင်နေပေမယ့် သူမနဲ့တူတူ မိဘမဲ့ဂေဟာကိုတော့ အဖော်လိုက်ပေးခဲ့သည်။ကလေးဆန်တယ်လို့ သူထင်တဲ့ ကစားနည်းတွေကိုပါ ကစားပေးခဲ့သေးသည်။

အဲ့ဒါတင်မကဘူး အချိန်ကော လူပါအားစိုက်ပြီး ကြယ်လေးများ မိဘမဲ့ဂေဟာရဲ့ မြေကိုရဖို့ပါကူညီပေးသေးသည်။ ဂျုံခေါက်ဆွဲပါသူမနဲ့တူတူလိုက်စားပေးပြီးတော့ ကျောင်းသားတွေကြားထဲထိုင်ရတာကိုလည်း ဘာမှ မပြောခဲ့ဘူး သူပုံမှန် မုန်းတဲ့ အစားအစာကိုတောင် စားခဲ့သေး ပြီးတော့ ပိတ်ရက်တွေ အိမ်မှာနေပြီး သူမနဲ့တူတူပျင်းစရာကောင်းတဲ့ ဇာတ်လမ်းတွဲတွေပါ ကြည့်ပေးသေးသည်။

အဲ့ဒါဆို ချစ်လို့ လုပ်ပေးတာလား ဆိုတာကိုဘယ်သူက ဂရုစိုက်နေမှာလဲ အနည်းဆုံးတော့ ဖန်ကျားရင်ကို ရှိုးပြဖို့ လုပ်နေတာမျိုး မဟုတ်ဘူး သူတို့ ဆက်ဆံရေးတိုးတက်ဖို့ သူတကယ် ကြိုးစားနေတာ သူမနဲ့တူတူ တဘဝလုံးဖြတ်သန်းချင်တယ်လို့ သက်သေပြနေတာပဲ မဟုတ်ဘူးလား

သူမတွေးမိလေ စိတ်ကျေနပ်စွာ ပျော်ရွှင်စွာ ပြုံးမိလေပဲ

သူမရဲ့နှလုံးသား......ရှင်သန်နိုင်ပြီလို့ ထင်တယ်။ သူ့ကို ပထမဆုံးအကြိမ် ချစ်မိတုန်းက ခံစားချက်နဲ့ တထေရာတည်း ခံစားမိနေသည်။

"ဘာပြောလိုက်တာလဲ" ရန်ရုချန် သူမရေရွတ်တာကို ကြားပေမယ့် ဘာမှနားမလည်လိုက်

ခေါင်းမော့ကာ သူမကိုကြည့်လိုက်သည်။

ရှုရှု ရှက်သလိုပြုံးကာ တံတောင်နဲ့တို့လိုက်ပြီး "ဘာမှ မဟုတ်ဘူး ရေသွားချိုးသွား"

'ရေချိုး? သူ့ကိုစောင့်နေဖို့ ကြံနေတာလား'

ပျော်ရွှင်မှုက စိတ်ထဲ တိုးဝင်လာကာ အမှန်ဆိုရင်တော့ အကောင်းဆုံးပေါ့

"ငါရေချိုးခန်းထဲရောက်နေတုန်း မင်း မင်းအခန်းထဲမှာ လော့ချနေမလို့လား"
သူမ အဲ့ဒါကို အရင်က ခနခန လုပ်ဖူးသည်။

သူ့ရဲ့စိတ်ပူနေတဲ့ အမူအရာကိုမြင်တော့ ရှုရှုပြုံးလိုက်သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now