အခန်း ၂၃၁ အိမ်ပြန်ရအောင်
အိပ်ရာပေါ်ကအစွန်းကလည်း သူမရှာတဲ့ပြသာနာပဲ
"ဟုတ်ပြီ" ရန်ရုချန် ပြန်ဖြေကာ သူ့ရှေ့က စာရွက်စာတမ်းဖိုင်တွေကို ယူပေးလိုက်သည် ရှုရှု လက်နှစ်ဖက်နဲ့ယူကာ ဆိုဖာဆီလျှောက်သွားလိုက်သည်
တစ်ယောက်က စားပွဲမှာထိုင်နေကာ တစ်ယောက်ကဆိုဖာပေါ်မှာ စာရိုက်သံနဲ့ စာရွက်လှန်သံကလွဲလို့ နှစ်ယောက်လုံး တိတ်ဆိတ်စွာ အလုပ်လုပ်နေကြသည် အလုပ်ဆင်းချိန်ရောက်တော့ ရန်ရုချန်အတွင်းရေးမှူးက သူ့ကို အသိပေးဖို့ တံခါးခေါက်လာသည်
ရှုရှု သူ့အသံကြားတော့ အိပ်ခန်းထဲပြန်သွားလိုက်သည် သူမအဝတ်တွေ ကို သွားကြည့်လိုက်သည်
လုံးလုံး ခြောက်သွားတာမျိုးမဟုတ်ပေမယ့် ဝတ်လို့တော့ရသည် ရှုရှု သူမဘောင်းဘီကို အမြန်ဝတ်ကာ ရန်ရုချန် ရှပ်အင်္ကျီကို ချွတ်လိုက်သည် သန့်ရှင်းမှန်း သိပေမယ့်သူမပြန်လျှော်ပေးသင့်သည်ဟု ခံစားရသည်"ဘာလုပ်နေတာလဲ" ရန်ရုချန် အခန်းထဲ ဝင်လာခဲ့သည်
ရှုရှု သူမလက်ထဲက ရှပ်အင်္ကျီကို ခေါက်ရင်း "နင့်ရှပ်အင်္ကျီကို ပြန်လျှော်ပေးမလို့"
"အာ့လိုလုပ်နေစရာမလိုဘူး" ရန်ရုချန် လေးနက်စွာ ပြန်ပြောလိုက်သည် "တခြားမရှိရင် အိမ်ပြန်ရအောင်"
'အိမ်ပြန်ရအောင်....'
ဒီစကားတွေက ရှုရှုကော သူ့ကိုပါ ပြန်အံသြမိစေသည်
သူက ပုံမှန်လိုပဲ ပြောလိုက်ပေမယ့် အဲ့ဒီစကားတွေက သူမအရင် ရန်မိသားစုမှာနေတုန်းက အခြေအနေကို ပြန်ရောက်သွားစေသည်
ရန်ရုချန်က အတန်းကပေးလိုက်တဲ့ အိမ်စာတွေကို ဘယ်တော့မှ ကျောင်းမှာပဲ လုပ်လေ့မရှိပေ ရှုရှုက အိမ်စာလုပ်နေရင်းလည်း သူမခုံဘေးမှာ ဘောစ့်လို ခုံပေါ် ခြေထောက်တင်ကာ စိတ်မရှည်စွာ သူမကိုထိုင်စောင့်လေ့ရှိပြီး မြန်မြန်လုပ်ဖို့ ပြောတတ်သည်
ရှုရှု ပြီးသွားပြီဆိုရင်လည်း "မြန်မြန်လုပ် အိမ်ပြန်ကြမယ်"
အခုနဲ့ ကွာခြားနေပေမယ့် အတူတူလိုပင်
ရှုရှု ခနအတွေးဝင်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည် "အင်း"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...