အခန်း ၃၂၄ အရေးပါတဲ့ သတင်းပဲ
သူမ ကြမ်းပြင်ပေါ်က ရန်ရုချန်ရဲ့ဘောင်းဘီကို ကောက်လိုက်သည်။
အဝတ်လျှော်မယ့်ခြင်းထဲ မထည့်ခင် သူ့အိတ်ကပ်တွေကို စစ်လိုက်သည်။‘ဒါဘာလဲ’
သူ့အိတ်ကပ်ထဲက တစ်ခုခုကို စမ်းမိကာ မျက်မှောင်ကြုတ်လိုက်သည်။ဘာလဲဆိုတာ သိသွားတော့ သူမ မျက်နှာ အမူအရာ ပျက်သွားတော့သည်။
‘အောက်တိုဘာလ ၁၁ ရက်နေ့တွင် နိုင်ငံခြားကပြန်လာတဲ့ ဂီတပညာရှင်ဖန်ကျားရင်ရဲ့ မြို့တော့ ပြဇာတ်ရုံမှာ ကျင်းပမယ့် ပရဟိတဂီတဖျော်ဖြေပွဲ………’
‘ဂီတကဘာတွေ အရမ်းကောင်းနေလို့လဲ မင်းကြိုက်ရင် ငါအိမ်မာ မင်းအတွက် ပီယာနိုတီးပေးမယ်..’
လက်ထဲက ရန်ရုချန်ဘောင်းဘီ ကြမ်းပြင်ပေါ်ကို ပြန်ပြုတ်ကျသွားတော့သည်။
‘သူ့စီကနေ နည်းလမ်းတစ်ခုတည်းနဲ့နှစ်ခါတောင် အရူးလုပ်ခံရတယ်’
‘သူနူးညံနေမှုတွေနောက်မှာ…..အသေသတ်မယ့်လက်နက်ရှိနေတာပဲ
………….
ရန်ရုချန် နောက်နေ့ နေ့လည်အထိ အိပ်နေခဲ့သည် ခေါင်းကိုဖိရင်း နိုးလာကာ သူထထိုင်ဖို့ အချိန်ခနယူလိုက်ရသည်။
အိပ်ရာက လွတ်နေပေမယ့် သိသာစွာ မနေ့ညက သူ့ဘေးမှာ တစ်ယောက်ယောက်အိပ်သွားသလိုပင်
ရန်ရုချန် ပြုံးကာ အိပ်ရာပေါ်က ဆင်းလိုက်သည်။ ရေအမြန်ချိုးကာ ရေချိုးဝတ်စုံဝတ်လျက် လိုက်ကာတွေတင်လိုက်သည်။
ဆံပင်ကို ဝရံတာမှာ အခြောက်ခံနေရင်း အပြင်ဘက်ကို ငေးကြည့်နေမိသည်။ အချိန်တိုတွင်းမှာပဲ သစ်ပင်ပေါ်က သစ်ရွက်တွေတောင် ကြွေလို့နေပြီ
သူ သူမကို ချစ်နေရတာနဲ့ ရာသီကူးပြောင်းတာတောင် သတိမထားမိတော့လား
သိသာနေတဲ့အဖြေကြောင့် ပြုံးလိုက်သည်။ဆံပင်အခြောက်ခံပြီး အခန်းထဲ ပြန်လာတော့ အိပ်ရာဘေးက အံဆွဲစီ အကြည့်ရောက်သွားမိသည်။
‘ဘာကြီးလဲ’
အံဆွဲပေါ်မှာ စာရွက်နှစ်ရွက် ခနရပ်ကာ ထိုအရာစီ လျှောက်သွားလိုက်သည်။
လက်မှတ်တွေကို မြင်တော့ သူ့မျက်နှာက အပြုံးတွေ အေးခဲသွားတော့သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...