136+137+138+139+140

1.9K 203 6
                                    

အခန်း ၁၃၆ အရပ်ကွာတာက ချစ်ဖို့ကောင်းလိုက်တာ

နောက်ရက်တော်တော်ကြာတဲ့ထိ စွတ်ပြုတ်ကို အကြောင်းပြချက် အမျိုးမျိုးယူကာ အပေါ်ထပ်ကိုပဲယူသွားလေ့ရှိသည်

"ဒီနေ့လည်း mr လျို ပြောတာ ဟွမ်ပေါင် က သူ့ရှောင်ခဲ ကို လိုက်ကိုက်ပြန်ပြီတဲ့"

"အဓိပ္ပါယ်မရှိတာတွေ ငါတို့ ဟွမ်ပေါင်က မျိုးရိုးသန့်တယ် ဘာလို့ ကြုံလှီနေတဲ့ ခွေးကို ကြိုက်မှာလဲ "

"ကျွန်မလည်းစဉ်းစားနေတာ ဟွမ်ပေါင်က အမြဲတမ်း ခြံဝင်းထဲကစားနေကျ ဒါမဲ့ ဒီရက်ထဲ နေ့လည်ခင်းဆို ပြေးပြေးထွက်နေတာ ခနခနပဲ"

ရန်ရုချန် အလုပ်က ပြန်လာရင်း မီးဖိုချောင်ထဲ ရေသောက်ဖို့လာတော့ တံခါးနားရောက်တော့ ဝမ်ဒါချင်းနဲ့ အန်တီကျိုး သူတို့ ခွေး ဟွမ်ပေါင် အကြောင်းပြောနေတာကြားတော့ ​ခြေလှမ်းတုံ့သွားပြီး အသံရှုသံပါထိန်းကာ ငြိမ်ငြိမ်လေး အပေါ်တက်သွားတော့သည်

ဒုတိယထပ်ကို ခြေချရုံရှိသေး အမွှေးထူထူနဲ့ ကြီးမားတဲ့ ခွေးကြီးက သူ့အခန်းထဲက ထွက်လာတဲ့အချိန် ရန်ရုချန်ကို မြင်တော့ အမြီးယမ်းခါကာ ပျော်ရွှင်စွာပြေးလာတော့သည်

.....

အလုပ်ဆင်းချိန်ရောက်တော့ သူမအလုပ်ဖော်တွေ သူမကို နှုတ်ဆက်ကာ ပြန်သွားကြသည် ရှုရှုနှုတ်ဆက်ကာ ပြန်ဖို့ ပြင်ဆင်လိုက်သည် ကျန်းကျားဟန်က အတန်းဖော်ဟောင်းစုဝေးပွဲ လုပ်ကာ ညစာစားပွဲ ကျင်းပရန်လုပ်ထားသောကြောင့် သူမလည်းအပါအဝင်ပေ ဓာတ်လှေကား ပထမထပ်ရောက်တော့ တံခါးပွင့်လာကာ လူတစ်ယောက်ကို တွေ့လိုက်ရသည် သူမ အံသြသွားပြီး "အားဟန် ဘာလို့ ဒီရောက်လာတာလဲ"

"မင်းကို လာကြိုတာလေ" ကျန်းကျားဟန် သူမကို နူးညံ့စွာကြည့်ကာ ပြန်ဖြေလိုက်သည် ရှုရှုလက်ကို လှမ်းကိုင်လိုက်ကာ "သွားရအောင်"

ရှုရှု သူမလက်ကို ကိုင်ထားတဲ့ ကျန်းကျားဟန်လက်ကို ကြည့်ကာ နှုတ်ခမ်းဖိလိုက်ပြီး သူမအဘိုးပြောတာ ပြန်တွေးမိသည် အဘိုးပြောတာက ကျားဟန်က လူကောင်းတစ်ယောက်ဖြစ်ပြီး သူမ ကျန်တဲ့ဘဝတစ်လျှောက်လုံးအတွက် သူ့ကို ယုံကြည်နိုင်တယ်ဆိုတာပင်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now