အခန်း ၉၁ နွားချေးပုံထဲက ပန်းလေးတပွင့်
ခနလန့်သွားပြီး ပျော်ရွှင်စွာလှည့်ကာ "ကျိုးရှင်း"
လိမ္မော်ရောင် ဆွယ်တာ လေး ဝတ်ဆင်ထားပြီး ဆံပင်ဂုတ်ဝဲနှင့် မိန်းကလေးက ရှုရှုကိုဖက်လိုက်သည် "ဝမ်ရှုရှု အရမ်းကို ကြာသွားပြီပဲ"
"ဟုတ်တယ်" ရှုရှုလည်း ပြန်ဖက်လိုက်သည် နေ့လည်စာစားပြီး ရှော့ပင်း တူတူထွက်ပြီးနောက် ပို င်းနှီးလာသလိုပင်
ရန်မိသားစု ကျေးဇူးနဲ့ သူမ ကလေးတည်းက ကောင်းမွန်တဲ့ကျောင်းမှာ တက်ခွင့်ရခဲ့ပြီး သူမ အတန်းဖော်တွေကလည်း စီးပွားရေးလုပ်ငန်းရှင် သို့ အာဏာရှိတဲ့သူ တချို့ရဲ့ သားသမီးတွေ ဖြစ်ကြသည်
ကျိုးရှင်းအမေက သံအမတ် တယောက်ဖြစ်ပြီး သူမ အဖေက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်သည် တစ်ဉီးတည်းသော သမီးဖြစ်ပြီး သူမဘဝ မှာ "ချွေတာတယ်" ဆိုတဲ့ စကားလုံးက ဘာမှန်းမသိဘဲ ကြီးပြင်းလာရသူ ဖြစ်သည်
သူမ ရှုရှုကို ဆွဲပြီး မြို့ထဲက နာမည်ကြီးဆိုင်တွေမှာ ရှော့ပင်းထွက်တော့သည် အိတ်တွေ ဖိနပ်တွေ အဝတ်အစားတွေ
"ရှုရှု ဒီအိတ်ကို ဘယ်လိုထင်လဲ" Hermes ဆိုင်ကို ဖြတ်ရင်း ပန်းရောင် အိတ်ကလေးအား ညွှန်ပြကာ မေးလိုက်သည် "မဆိုးပါဘူး" ရှုရှု အိတ်တံဆိပ်ကို မကြည့်မိခင်ပြောလိုက်ပြီး တံဆိပ်ကို မြင်တော့ ပါးစပ်တွန့်သွားတော့သည်
ကျိုးရှင်း အကြိုက်ကို သူမသိနေလို့သာ မဟုတ်ရင် သူမ သူငယ်ချင်းက ဒီလို ဆိုင်တွေကို သူမကို လှောင်ဖို့ တမင်ခေါ်လာတယ်လို့ ထင်မိမှာ
ဒီနေရာမှာ သူမအတွက်သူမ ဝယ်ဖို့ ဘာမှမတွေ့ပေ
မဝယ်နိုင်တာထက် မဝယ်ချင်တာဆို ပိုမှန်လိမ့်မယ် ဝယ်မှာလည်းမဟုတ်ဘူး ဈေးအပေါဆုံးဖိနပ်တစ်ရံကတောင် သူမ လခ တဝက်စာရှိသည် F and P က အလုပ်ထွက်ပြီး ၁ နှစ်ပဲ လုပ်ခဲ့တာကြောင့် သူမရဲ့ စုငွေက အကန့်အသတ်နှင့်ဖြစ်သည် အခုအလုပ်လက်မဲ့ဆိုတော့ ပြောစရာကိုမလိုတော့ပင် ပစ္စည်းက ရာဂဏန်းဆိုရင်တောင် သူမစဉ်းစားရဉီးမည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...