334

817 73 0
                                    

အခန်း ၃၃၄ သူမသာ မင်းကို မချစ်ရင်
သူ့ကြယ်သီး မှားတပ်မိတဲ့ အကြောင်းဖတ်လိုက်တော့ သူ့မျက်နှာကြီး ချက်ချင်းမဲလာတော့သည်။
တကယ်လို့ အဲ့နေ့က ချောင်ကျန်းကသာ သတိမပေးရင် သူအဲ့ဒီ ပုံစံကြီးနဲ့ တနေကုန် နေနေမိမှာပဲ
သူခေါင်းမော့ကာ ဝမ်ရှုရှုကို ကြည့်လိုက်သည်။သူမ ဘယ်လောက် ဂရုတစိုက်ရှိလဲဆိုတာ သူသိတာကြောင့် သူ့ဒေါသကို ထိန်းထားရသည်။ မနေ့က သူမရှေ့မှာ သူရပ်နေခဲ့တာကို သူမ သတိမထားမိဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
တမင် လူတွေ ဝိုင်းရယ်တာ ခံရအောင် တမင်သတိမပေးတာပဲနေမှာ
သူမ တကယ်ထူးဆန်းသည်ဟု သူခံစားနေရသည်။
ရန်ရုချန် ဒေါသကိုထိန်းကာ ဆက်ဖတ်လိုက်သည်။
‘သူ  W အပြင်မှာ အမျိုးသမီးတစ်ယောက်ကို ဖက်ခဲ့တယ်? ပြီးတော့ အဲ့အမျိုးသမီးနေရာမှာတောင်နေလိုက်သေး?”
ပုံကို သေချာကြည့်လိုက်တော့ W အပြင်မှာ တကယ်ပဲ ရိုက်ထားတဲ့ပုံပင် သူ အမျိုးသမီးတစ်ယောက်ကိုဖက်ထားသည်။
ပြီးတော့ အဲ့မိန်းမက တကယ်ကြီး ဖန်ကျားရင်!
သူခေါင်းမော့ကာ ရှုရှုကို ရှင်းပြဖို့ လုပ်လိုက်သည်။ “အဲ့ညက ငါ ကျန်းကျိုးဟန်နဲ့ အရက်ပြိုင်သောက်ကြတာ ပြီးတော့ ငါလုံးဝမူးသွားပြီးတော့ ဒါဘယ်လို ဖြစ်သွားလဲ ငါမသိဘူး”
“နင် အားဟန်နဲ့ အရက်ပြိုင်သောက်တယ်?” ရှုရှု မျက်လုံး ပြူးသွားကာ “အားဟန်ကော ဘယ်လိုနေလဲ”
ရန်ရုချန်က အားဟန်ထက်စာရင် အရက်အများကြီး သောက်နိုင်သည်။ သူတောင် ဒီလောက်အခြေအနေထိဖြစ်သွားရင် အားဟန်ဘယ်လိုနေမလဲ
သူ ကများသောအားဖြင့် အရမ်းကို သိမ်မွေ့ပြီးတော့ သူ တပုလင်းလုံးသောက်တာကို တွေးတောင်မတွေးကြည့်ဖူးဘူး သူသောက်လိမ့်မည်လို့လည်းမထင်ဘူး
ရန်ရုချန်ကို ကြည့်ကာပြောစရာ မလိုဘူး ဒီကောင် ရန်စတာပဲနေမှာ
“ဟမ့်” ရန်ရုချန် လှောင်သလို နှာခေါင်းရှုံ့ကာ “သေချာပေါက်အဲ့ကောင်မှောက်သွားတာပေါ့ မတ်တပ်တောင်မရပ်နိုင်ဘူး”
သူပြောပြီးတာနဲ့ မျက်မှောင်ကြုတ်ကာ “အရူးမ ဘာလို့ သူ့ကို စိတ်ပူနေတာလဲ”
သူ့အသံက အန္တရယ် အပြည့်
ဒါမဲ့ ရှုရှုက သူ့ကို မကြောက်သလို သူ့ကို မျက်နှာသေနဲ့ကြည့်ကာ “အဲ့ဒါဆို ငါခွင့်မပြုလည်း နင်က လုပ်ချင်တာလုပ်နေမှာပေါ့”
သူ့လက်ကို ခါချကာ သူ့ခွက်ကိုယူပြီး ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
ရန်ရုချန် သူမစကားနောက်က အဓိပ္ပ္ပယ်ကို နားလည်ကာ သူမထွက်သွားတာကို ကြည့်ရင်း စိတ်ပျော်သွားတော့သည်။
“စိတ်ထားမကောင်းတဲ့မိန်းမ မင်းသဝန်တိုနေတာပဲ”
သူမ အလုပ်ဖော်တွေနဲ့ ဘာလို့နေ့လည်စာစားဖို့ထွက်သွားလဲ သူအံဩနေတာ
ဆောင်းပါးကြောင့်ကို
ဒီအမျိုးကောင်းသားလေး တအားပျော်သွားပြီ
သူခုံကိုနောက်မှီကာ နှုတ်ခမ်းမှာ စိတ်ကျေနပ်စွာ ပြုံးလို့
သူတွေးနေတာ ‘ဒီသဝန်တိုနေတဲ့ မိန်းမကို ဘယ်လိုချော့ရမလဲလို့’
ကျွမ်းကျင်သူ အကူအညီ လိုလာပြီ
သူချက်ချင်း လုရီနန်ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းချက်ချင်း ဝင်သွားကာ လုရီနန်က “ဟဲလို တတိယရန်”
ရန်ရုချန်မေးလိုက်သည် “မိန်းမတစ်ယောက်က အခု သဝန်တိုနေတယ် သူစိတ်ကျေနပ်အောင် ငါဘာလုပ်ပေးရမလဲ”
လုရီနန် နှာခေါင်းရှုံကာ “ဝမ်ရှုရှု သဝန်တိုနေတယ်လို့ ရှင်းရှင်းလေး မပြောနိုင်ဘူးလား”
ရန်ရုချန် က သူ့ကိုယ်သူ အမှန်ပြင်ကာ “ဝမ်ရှုရှု အခု သဝန်တိုနေတယ်”
“ပန်းပွင့် လက်ဆောင် ညစာ နဲ့ဇာတ်ကားတစ်ကား သူမကို ချော့ပြီး အားပေးလိုက်” လုရီနန် တခနအတွင်း အားလုံးပြောသွားသည်။
ရန်ရုချန်က “သူက အဲ့လို အရာတွေ မကြိုက်ဘူး”
‘ဘာလို့ အဲ့ဒီငတုံးမက ဖန်တရာတေနေတဲ့ အရာတွေကို ကြိုက်မလဲ’
“သူမအတွက် မင်းအဲ့လိုတွေ လုပ်ပေးပြီးပြီလား” လုရီနန် သူ့ကိုမေးလိုက်သည်။ “သူ အဲ့ဒါတွေ မကြိုက်တာ မင်းသိလို့လား အမျိုးသမီးတစ်ယောက်က ယောကျာ်းတစ်ယောက်က သူ့ကို ပန်းတွေ လက်ဆောင်တွေ ပြီးတော့ ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲတွေ သဘောကျတာပဲ မင်းကို မချစ်ရင်တော့ တမျိုးပေါ့”
အခု သူမမှာ သူ့အတွက် ခံစားချက်တွေ ရှိမှာပါ မဟုတ်ရင် ဘာလို့ သဝန်တိုနေမှာလဲ?

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now