386

658 53 0
                                    

အခန်း ၃၈၆ သတင်းထောက်တွေနဲ့ဝန်းရံနေ
သူဘယ်လိုတုံ့ပြန်မလဲဆိုတာ သူမသိဘူး ဒါဒီဆောင်းပါးတွေက ကောလဟာလတွေဆိုတာကိုတော့ သူသေချာပေါက်သိမယ်လို သူမယုံသည်။
ဒါမဲ့ သူမကို ယုံမယုံတော့ မသေချာဘူး
သူမခေါင်းမငြိမ့်ပြခင် ခနငြိမ်နေပြီးမှ "အင်း"
ရန်ရုချန် ဘောပင်ကိုင်ထားတဲ့လက် ခနလောက် တန့်သွားပြီးတော့မှ စာရွက်စာတမ်းတွေကို အမြန်လက်မှတ်ထိုးလိုက်ပြီး ရှုရှုကို ဖိုင်ပြန်ပေးကာ "သွားလို့ရပြီ"
သူမကိုတောင်မကြည့်
သူမကို စိတ်ဆိုးနေပြီ!
သူမကို မယုံဘူးလား?
ရှုရှုဖိုင်ကို ယူကာ စိတ်ပျက်သွားသလိုခံစားလိုက်ရပြီး ထွက်သွားတော့သည်။
သူမ အစကဆောင်းပါးနဲ့ပက်သက်ပြီး သူဘယ်လိုသဘောထားလဲဆိုတာရယ် သူ သူမကို ယုံမယုံသိချင်လို့လာတာပင်
.......
အဆောက်အဦးတစ်ခုလုံးက တိမ် ထူထပ်လို့ ပြီးတော့ လေထုက တင်းကြပ်လို့
ဒီနေ့ ကုမ္ပဏီက လူတိုင်း အချိန်မှန် ရုံးဆင်းကြမယ့်ပုံပင်
ရှုရှုလည်း  တခြားလူတွေလိုပဲ ရုံးမှာနေချင်စိတ်မရှိတာကြောင့် အချိန်မှီပြန်ဖို့ ပစ္စည်းတွေ သိမ်းနေတော့သည်။
မနက်က နေသာပြီး တိမ်ရှင်းသလောက် နေ့ခင်းပိုင်းမှာ ရုတ်တရက်ရာသီဥတုပြောင်းသွားသည်။ ဒီနေ့ F and P လိုပင်
သူမက အနီရောင် ဂျက်ကတ်အကျီကို ခေါင်းစွပ်နဲ့တွဲဝတ်ထားပြီး ဝင်ပေါက်ကိုရောက်တော့ ခေါင်းစွပ်အကျီကိုခေါင်းဆောင်းလိုက်သည်။
အဆောက်အဦးအပြင်ကိုရောက်တော့ တိုက်ခတ်လိုက်တဲ့လေပြင်းက သူမလက်နှစ်ဖက်ကို အလိုလိုလက်ပိုက်ထားမိစေသည်။
ရုတ်တရက် သတင်းထောက်တွေ အများကြီး  ချုံပုတ်တွေထဲက ထွက်လာကြသည်။
သူမစီ ပြုံလာပြီးတော့ သူမလမ်းကို ကာထားလိုက်ကြသည်။ လူတိုင်းလက်ထဲမှာ အသံဖမ်းစက်တွေကိုင်ထားကြသည်။
"တတိယမဒမ်ရန် ဒီမနက် Mr.ချာလီသတင်းနဲ့ပက်သက်ပြီး တစ်ခုခုရှင်းပြစရာများရှိပါသလား"
"မဒမ်နဲ့တတိယရန် အနာဂတ်မှာ ဘယ်လိုရှေ့ဆက်ကြမယ်လို့ စဥ◌်းစားထားကြပါသလဲ"
"သတင်းတစ်ခုကဖော်ပြတာက တတိယရန်နဲ့သူ့ရည်းစားဟောင်းကို သဝန်တိုလို့ Mr.ချာလီနဲ့ဆက်ဆံရေးကို စခဲ့တာလို့ ကြားတယ် ဟုတ်ပါသလား"
"တတိယမဒမ်ရန် နည်းနည်းလောက် ပိုပြောပြပေးနိုင်မလား?"
ဝင်ပေါက်အပြင်ဘက်မှာ ကားတွေအများကြီးထိုးထားပြီးတော့ တခြားသတင်းထောက်တွေလည်းအများကြီးထွက်လာကြသည်။ ရှုရှု့ကို ဝိုင်းထားကြသည်။
သူမကို သတင်းထောက်တွေက ကြမ်းတမ်းတဲ့မေးခွန်းတွေမေးလို့နေသည် သူမ စိတ်ပိုင်းဆိုင်ရာဘယ်လောက် သန်မာနေပါစေ သူတို့ကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့ မဖြစ်နိုင်ပေ
သူမ ဒေါသတကြီးမျက်မှောင်ကြုတ်ကာ သူတို့ကိုစိုတ်ကြည့်လိုက်ပြီး ဘာမေးခွန်းမှမဖြေပေ
"တတိယမဒမ်ရန် ဘာမှဖြေရှင်းစရာမရှိဘူးလား ကျွန်တော်တို့နာရီအများကြီးစောင့်နေတာတောင် တတိယသခင်လေးထွက်လာတာမတွေ့ဘူး ကောလဟာလတွေအတိုင်း ခင်ဗျားတို့အိမ်ထောင်ရေးကဒီလောက်တောင်ဆိုးဝါးနေပြီးလား မကြာခင်ကွာရှင်းကြတော့မှာလား"
"ဟုတ်တယ် ဟုတ်တယ် တတိယမဒမ်ရန် ပိုပြောပြပေးပါဦး"
သူတို့ရဲ့အသံဖမ်းစက်တွေကို သူမပါးစပ်နားကပ်ကာ သူတို့ရဲ့မျက်လုံးပေါင်း ဒါဇင်က သူမကို စိုတ်ကြည့်လို့
သူတို့ဝိုင်းတာခံထားရပြီး ရှုရှု ခေါင်းပေါက်ကွဲထွက်တော့မလိုပဲ
F and Pရဲ့လုံခြုံရေးဝန်ထမ်းတွေက အတတ်နိုင်ဆုံးကြိုးစားကာပေးနေကြသည်။
ဒါမဲ့ သတင်းထောက်တွေက ဆုံးဖြတ်ထားပြီးပုံပင် လက်မလျှော့ဘဲ ရှုရှုနားအတင်းတိုးဝှေ့နေကြသည်။
ရှုရှု သူမပတ်ပတ်လည်ကိုနောက်တစ်ခါ ကြည့်လိုက်တော့ အဆောက်အဦးရဲ့ ဆုံလည်တံခါးနားကိုတစ်ခုခုကို တွေ့လိုက်ရသည် သူမစိတ်ထဲနာကြင်သွားတော့သည်။
အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက တိတ်တိတ်လေး မှန်ထဲကနေ အကုန်လုံးကိုကြည့်လို့နေသည်။
သူမကိုယ်သူမအေးစက်စွာကြိတ်လှောင်လိုက်ကာ သူ့စီကနေ ချက်ချင်း အကြည့်ရုပ်လိုက်သည်။
"ကျွန်မကို လွှတ်ထားကြစမ်းပါ" ရှုရှု သူမရှေ့က သတင်းထောက်တွေကို အေးစက်စွာစိုက်ကြည့်ကာ ပြောလိုက်သည်။
သူမ စကား
တွေက ချွန်ထက်တဲ့ ဓားတွေလိုပင် အေးစက်ပြီး စူးရှလှသည်။ သတင်းထောက်တွေနိမိတ်တစ်ခု ရလိုက်သလိုပင်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now