246+247+248+249+250

1.8K 188 5
                                    

အခန်း ၂၄၆ တစ်ယောက်တည်းသွားခိုင်းလိုက်

သူထကာ ကြမ်းပြင်ပေါ် ခြေထောက်ချလိုက်ပြီး အိပ်ရာပေါ်က ဆင်းလိုက်သည် သူ့အပြုအမူတွေက ကျက်သရေရှိလှသည်

မနေ့ညက သူအိပ်နေတာ ကလေးလေးလိုပင်

"ဟုတ်ပီလေ" ရှုရှု ခေါင်းငြိမ်ကြာ ရန်ရုချန် သူမစီရောက်မလာခင် နောက်ကိုဆုတ်ကာ ရေချိုးခန်းထဲဝင်လိုက်ပြီး ရေချိုးခန်းတံခါးကို လော့ချလိုက်သည်

ပုံမှန် အလင်းလိုအလျင်ဖြင့် အဝတ်အစားလဲကာ မျက်နှာသစ်လိုက်သည်

မနက်တိုင်း အန်တီကျန်းက လှေကားရင်းမှာ လမ်းလျှောက်နေကြပင် ရန်ရုချန်နဲ့ရှုရှု အခန်းထဲက တူတူထွက်လာတာမြင်တော့ အရမ်းပျော်ပြီးလက်ခုတ်ပါထတီးမိတော့မလိုပင်

ဒီအချိန်အတွင်း သူတို့တိုးတက်မှုကို လေ့လာနေတာ နောက်ဆုံးတော့ မျှော်လင့်ချက်အရိပ်အယောင်လေးကို မြင်လိုက်ရပြီ

ရှုရှုနဲ့ရန်ရုချန်ကြားက ချစ်ကြည်နေတဲ့ဆက်ဆံရေးကိုမြင်တော့ မျက်ရည်တောင်ကျမိတော့မလိုပင်

'မဒမ်ရေ ရှင့်ဆန္ဒတွေတကယ်ဖြစ်လာပြီ'

"အန်တီကျန်း ဒီမှာဘာလုပ်နေတာလဲ" ရှုရှုလှေကားရင်းကိုရောက်တော့ အန်တီကျန်း မျက်ရည်တိတ်တိတ်လေးသုတ်နေတာကို သတိထားမိလိုက်သည် အန်တီကျန်းတစ်ခုခုဖြစ်နေတယ်ထင်ကာ စိတ်ပူစွာဖြင့် "ဘာလို့ ဒီမှာတစ်ယောက်တည်းငိုနေတာလဲ"

အန်တီကျန်းက ခေါင်းခါကာ ပြုံးပြလိုက်သည် "မဟုတ်ဘူး မငိုပါဘူး မမလေးနဲ့တတိယသခင်လေး ပျော်နေတာမြင်ပြီး မဒမ်ကြီးကို သတိရမိလို့ပါ"

ရှုရှုနဲ့ရန်ရုချန်အပြင် အဘွားရဲ့ရုတ်တရက်သေဆုံးမှုက အန်တီကျန်းကို အများကြီး ဝမ်းနည်းခဲ့ရသည် သူမရဲ့ဝမ်းနည်းမှုက ရှုရှု့ထက်တောင်သာနိုင်သေးသည်

ရှုရှု အန်တီကျန်းလက်ကိုကိုင်ကာ "အန်တီကျန်း အသက်အရွယ်လည်းရလာပြီ တခြားသူတွေကို အိမ်အလုပ်တွေလုပ်ခိုင်းလိုက်ပါ တအားအပင်ပန်းမခံပါနဲ့တော့"

ရန်မိသားစုအတွက်အချိန်အကြာကြီးအလုပ်လုပ်ပေးခဲ့တာပင် ရန်ရုချန်လည်း ငြင်းမှာမဟုတ်ဘူးဆိုတာ သူမသိသည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now