Chapter 284

981 96 0
                                    

အခန်း ၂၈၄ ငတုံးမ မင်းက အကြောင်းအရင်းပဲလေ

ရန်ရုချန် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ကာ “မင်းရဲ့စိတ်ပူပေးမှုအတွက်ကျေးဇူးပဲ ငါလည်းတနေရာတည်းမှာပဲ ငါနဲ့ငါ့မိန်းမ သူနဲ့လည်းတွေ့ပြီးပြီ”

သူ့အသံက တည်ငြိမ်နေသည်၊

“အဲ့တော့ ဘာဖြစ်သွားလဲ ရီရှန်ငါ့ကို ပုံပို့ပေးတာ မင်း ရင်ရင်က အခုပိုတောင်လှလာသေး”
“တကယ် ရှုရှု ငါတို့ ငယ်သူငယ်ချင်း မင်းသာ သူနဲ့ မယူရင် သူမနဲ့ အားဟန်က အခုဆို အရမ်းပျော်နေလောက်……”

သခင်လေးရန် စိတ်ရှည်မှုကုန်သွားကာ သူ့စကားဆုံးတဲ့ထိ မစောင့်တော့ဘဲ “တိတ်စမ်း”

ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်။

ရှုရှုက ရုံးခန်းစီသွားကာ လိုအပ်တဲ့စာရွက်စာတမ်းတွေ လုပ်ပြီး ထွက်လာတော့သည်။

သူမရဲ့လက်ရှိ ရန်ရုချန်နဲ့ဆက်ဆံရေးအရ ဖန်ကျားရင်ကို မျက်နှာချင်းဆိုင်ရတာ နေရခက်လှသည်။

ပြီးတော့ ရန်ရုချန်ကြောင့်သာ မဟုတ်ရင် သူတို့နှစ်ယောက်တစ်ယောက်နဲ့ တယောက် သိစရာ အကြောင်းလည်းမရှိဘူးလေ

ဒါမဲ့ တကယ်တန်း သူမ ဖန်ကျားရင်ကို ရန်ရုချန်နဲ့သူမနဲ့ ဆက်ဆံရေးနဲ့ပက်သက်ပြီး ရှင်းပြစရာလိုတယ်လို့လည်းမထင်ဘူး

လိုတယ်ဆိုရင်တောင် ရန်ရုချန်ကပဲ ရှင်းပြရမှာ
အခု သူမလုပ်နိုင်တာက ဖန်ကျားရင်နဲ့တွေ့ဖို့ကို ရှောင်ရုံပဲ

ရန်ရုချန် သူမနောက်ကိုလိုက်လာရင်း သူမ ကားငှားတာမြင်တော့ သူမစီလျှောက်သွားကာ သူမကိုမကာ သူ့ပုခုံးပေါ်ထမ်းလိုက်သည်။

မောလ်ရဲ့ ကားပါကင်ကိုသွားတဲ့ တလျှောက်သူမကို သယ်သွားပြီးတော့ တချိန်တည်းမှာပဲ ခနဲ့လိုက်သည်။

“ငါတို့ ကားကိုစီးရမယ့်အစား မင်းက ကားငှားနေတယ် ကားစီးဖို့အတွက် ပိုက်ဆံပေးစရာမလိုပါဘူး”

ရှုရှု ဘာပြန်ပြောရမှန်းမသိတော့

လူကြားထဲမှာ ဒီလို အသယ်ခံရတာ ဘာမှခခုခံဘဲ ငြိမ်နေစရာလား

ရှုရှု ရန်ရုချန်နောက်ကျောကို ခြေထောက်နဲ့ကန်ကာ “ရန်ရုချန် ဖန်ကျားရင်က ငါတို့နဲ့ ဒီမှာ မရှိဘူး အဲ့ဒါကြောင့် နင်လုပ်နေတာတွေ သူမြင်ရမှာ မဟုတ်ဘူး”

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now