အခန်း ၂၆၁ လူသတ်မှုကျုးလွန်တဲ့အတွက် သူမဘဝနဲ့ပြန်ပေးဆပ်ခိုင်းလိုက်ပါ
"ဘာပြောလိုက်တယ်?" အကြာကြီးတိတ်ဆိတ်နေပြီးမှ ရှုရှု စကားပြောနိုင်တော့သည် သူမခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေပြီး သူမရဲ့ သလင်းကျောက်လို ကြည်လင်နေတဲ့မျက်လုံးမှာ အေးစက်မှုတွေနဲ့ ဖုံးလွှမ်းလို့နေသည်
လက်သီးကို ကျစ်ကျစ်ဆုတ်ကာ လူသတ်ချင်တဲ့အငွေ့အသက်တွေအပြည့်နဲ့ပင်
မင်ကျောင်းရှန် စီးပွားရေးလောကမှာ အာဏာရှိတဲ့သူတောင် အနည်းငယ် ကြောက်မိကာ သူ့ကိုယ်သူ ပြန်အားတင်းလိုက်သည် "ဝမ်ဒါချင်း အသုဘပြီးတော့ ရှင်းယီ အဖမ်းခံလိုက်ရတယ် တတိယရန် မင်းကိုမပြောပြဘူးလား"
ဝမ်ဒါချင်းသေဆုံးမှုရဲ့ နောက်ကွယ်က တကယ့်အမှန်တရားကို ရှုရှုမသိဘူးဆိုတာကို သူတကယ်သံသယဝင်နေဆဲ
ရန်ရုချန်က သူ့အဆက်အသွယ်တွေ တော်တော်လေးကိုသုံးပြီး မီဒီယာတွေဆီ သတင်းမရောက်အောင် ဖုံးထားနိုင်တာပဲ
ဒါမဲ့ မင်ကျောင်းရှန် ခုထိမယုံနိုင်သေး ပြန်တွေးကြည့်ရင် ဝမ်ရှင်းယီက ရှုရှုကို ခြောက်ဖို့ပဲနေမှာ ရန်ရုချန် ဝမ်ရှုရှုကိုလိုက်တာက သူမကို နာမည်ကြီးစေပြီးတော့ အာ့သတင်းက တောမီးလိုပျံ့နေတာ
ဒါမဲ့ ဒီတစ်ခါတော့ အသက်တစ်ချောင်းဆုံးရှုံးခဲ့ရတယ် ရှင်းယီက သူ့အဘွားသေဆုံးမှုရဲ့တရားခံပဲ ဟုတ်တယ် သူကိုင်တွယ်တာက သိုသိပ်လွန်းတယ် တခြားဟာထက်ရှင်းယီကို ထောင်ထဲထည့်ပီး နှိပ်စက်တာပဲ သူက အပြင်ကို သတင်းအစအနေလေးတစ်ခုတောင် မပေါက်ကြားအောင် လုပ်ခဲ့တာ
တခြားဟာထက် မင်ကျောင်းရှန် သူ့အဆက်အသွယ်တွေ အကုန်သုံးပြီး ကြိုးစားတာတောင် ဒီကိစ္စကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး
မင်မိသားစုမှာ လူသတ်သမားတစ်ယောက်ရှိနေတာ လူတွေက အပြစ်ပြောတာကို သေချာပေါက်ခံရမှာပဲ ကောလဟာလ တစ်ခုကတောင် သူတို့မိသားစုကို အများကြီး သက်ရောက်နိုင်တယ်
သူ့အဆက်အသွယ်တွေကို သုံးပြီး ရှင်းယီကို ထုတ်ဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူပေ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Roman d'amourတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...