377+378+379+380

892 55 1
                                    

အခန်း ၃၇၇ ဒီမြို့ထဲက အလိုရှိနေတဲ့ ရာဇဝတ်သားတွေကို စစ်ကြည့်
"အခုဆင်း"
သူအသံက ဒေါသထွက်နေသလိုပင်
ဒေါသမထွက်ဘဲနေမလား ဒီလောက်အဝေးကြီးလိုက်လာရတာ ဘယ်လောက် အန္တာရယ်များလဲ
ရှုရှုနဲ့ကျိုးရှင်း ခါးပတ်ချွတ်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကားပေါ်ကဆင်းလိုက်သည်။
လူငယ်ယာဥ◌်ထိန်းရဲလေးက ကျိုးရှင်းကို ကြည့်ကာ အသံကိုမြင့်ပြီး "မင်းတို့နှစ်ယောက်လုံး ယာဥ◌်စည်းကမ်းကို ချိုးဖောက်ပြီး တခြားသူတွေရဲ့ လုံခြုံမှုကိုလည်း ထည့်မတွက်ဘဲ အရှိန်တင်မောင်းတယ် ဒါက ကြီးမားတဲ့ ပြစ်မှုပဲ"
"ဟုတ်ကဲ့" ကျိုးရှင်း အမှားလုပ်ထားတာ သိတဲ့ကလေးတစ်ယောက်လို ခေါင်းငုံ့ကာ နားထောင်နေသည်။
ခုနက အရှိန်တင်မောင်းတဲ့ လူက သူမမဟုတ်သလိုပင်
ရှုရှု သူမကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ စိတ်ထဲမှာတော့ ဟန်ဆောင်လို့ ကြိတ်ရယ်လို့နေသည်။
"မင်းတို့သိလား မင်းတို့ကြောင့် ငါတို့နောက်ထပ် အလုပ်သမားတွေကို တပ်ဖြန့်ချလိုက်ရတယ်"
ရှုရှု ယာဥ◌်ထိန်းရဲက သူတို့ကို လက်ချာရိုက်နေတော့ စိတ်ထဲကနေ ကျိုးရှင်းကို တိတ်တိတ်လေးကျိန်ဆဲလို့နေသည်။
သူမအမြန်ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့ သိပါတယ် ကျွန်မတို့ ပြစ်မှုကြီးကျူးလွန်မိတယ်ဆိုတာ သိပါတယ်"
ဒီနေ့အတွက် သူမရဲ့ကံကို စစ်ကြည့်ခဲ့သင့်တာ
ဒီလိုဖြစ်မယ်မှန်းသာသိရင် အချိန်ပိုဆင်းပြီး အိမ်မာ အန်တီကျန်းချက်တဲ့ညစာလေးကို ပြန်စားမိမှာပဲ ဘယ်လောက်တောင် အေးချမ်းလိုက်မလဲ
သူတို့ကို ဆူပြီးတော့ တခြားယာဥ◌်ထိန်းရဲက ကြီးကြပ်ဖို့ရောက်လာတော့သည်။
ကြီးကြပ်သူက အသက် ၄၀ လောက်ရှိပြီး သူဆင်းတော့ တခြားရဲတွေ အကုန်လုံးကိုဆူတာပင် ကားရပ်အောင်လုပ်ဖို့အချိန်အကြာကြီးဆွဲနေလို့
တခြားယာဥ◌်ထိန်းရဲတွေအကုန် တိတ်လျက်
သူတို့ ဆူခံရတာကြားတော့ ရှုရှုနဲ့ကျိုးရှင်းလည်း အပြစ်ရှိသလို ခံစားလာရတော့သည်။
နှစ်ယောက်လုံး ကျွင်းတစ်ကျွင်းတူးပြီး သူတို့ခေါင်းတွေကို မြုပ်ထားလိုက်ချင်သည်။
ထို့နောက် ကြီးကြပ်သူက သူတို့ဘက်လှည့်ကာ "မင်းတို့နှစ်ယောက်လုံး စစ်ဆေးဖို့အတွက် ရဲစခန်းကိုလိုက်ခဲ့ကြ"
ကျိုးရှင်းနဲ့ရှုရှု ခေါင်းမော့ကာ "ဘာလို့ ရဲစခန်းသွားရမှာလဲ ဒါ ယာဥ◌်ထိန်းရဲဌာနရဲ့ လက်အောက်က ကိစ္စမဟုတ်ဘူးလား"
"မင်းတို့နှစ်ယောက်လုံး ဥပဒေကိုချိုးဖောက်ခဲ့တယ်" ကြီးကြပ်ရေးမှူးက အေးစက်စွာပြောလိုက်သည်။
"ေဩျာ"
နှစ်ယောက်လုံး ချက်ချင်း ပူဖောင်းလေလျော့သလို အားလျော့သွားပြီး ခေါင်းဆက်ငုံ့ထားကြသည်။
ရဲစခန်းကိုသွားတဲ့တစ်လျှောက် ရှုရှုခေါင်းငုံ့ထားသည်။ သူမက လူသိများတဲ့ နာမည်ကြီးမဟုတ်ပေမယ့် တစ်ယောက်ယောက် သူမကိုမှတ်မိသွားမှာ စိတ်ပူနေမိသည်။
မီဒီယာတွေသိသွားရင် သူမဘဝတော့ သွားပြီပဲ
ရဲစခန်းရောက်တဲ့ထိ ရှုရှု ခေါင်းငုံ့ထားတုန်း
ကျိုးရှင်း သောက်ထားလားဆိုပြီး ရဲ အရာရှိတစ်ယောက်က လာစစ်သည်။
တခြားရဲ အရာရှိက ရှုရှု မျက်နှာချင်းဆိုင်မှာထိုင်ကာ စာအုပ်နဲ့ ဘောပင်တစ်ချောင်းကိုင်ပြီး "မင်းနာမည်" ရဲအရာရှိ အသံက သူ့မကို စစ်မေးနေသလိုပင်
ရှုရှု လေသံတိုးတိုးလေးဖြင့် "ဝမ်....ဝမ်ရှုရှု"
သူမ ထစ်ပြီးပြောနေတာကို ရဲအရာရှိက သံသဃဝင်လာပုံရသည်။ သူမကိုခေါင်းအစအဆုံးကြည့်ကာ
သူ့အလုပ်ဖော်ကိုလှည့်ကာ ညွှန်ကြားလိုက်သည်။ "ဒီမြို့ထဲက အလိုရှိရာဇဝတ်သားစာရင်းထဲ ဝမ်ရှုရှုဆိုတဲ့ နာမည်ပါလား စစ်ကြည့်"
ရှုရှု ဆွံအသွားသည်။
ဒီမြို့ထဲက အလိုရှိရာဇဝတ်သား?
လက်သီးဆုတ်ကာ နှုတ်ခမ်းကိုက်လိုက်မိသည်။
'ဟဟ' ကျိုးရှင်း သူ့ကို စစ်ဆေးနေတုန်း မနေနိုင်ဘဲ ထရယ်တော့သည်။
ဗိုက်ကိုနှိပ်ကာ အားရပါးရရယ်တော့သည်။
ရှုရှု သူ့ကိုဒေါသတကြီးကြည့်ကာ ခြေထောက်ကိုမြှောက်ပြီး ကျိုးရှင်းခုံကို ကန်လိုက်တော့သည်။
ဘယ်လိုများရယ်ရဲတာလဲ သူ့ကြောင့်သာမဟုတ်ရင်  ရဲစခန်းလည်းရောက်မှာ မဟုတ်ဘူး ရာဇဝတ်သားလို့လည်းအထင်ခံရမှာမဟုတ်ဘူး
ရဲအရာရှိက သူမ အသက် လိပ်စာနဲ့ တခြားအကြောင်းတွေမေးတော့သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now