အခန်း (၁၆၉)
အေးစက်သော အထိအတွေ့နှင့် နွေးထွေးသော လက်များသည် အန်းရှ၏ နှလုံးခုန်နှုန်း အချို့ကို တစ်ဖန် ကျော်လွန်သွားစေသည်။
သူမ သတိပြန်ဝင်လာသော အချိန်တွင် သူမ၏ မျက်နှာတွင် အဖြူရောင် မျက်နှာဖုံးဖြင့် သူမ၏ မျက်လုံးနှင့် နှာခေါင်းများကို ဖုံးအုပ်ထားကြောင်း သူမသိလိုက်ရသည်။
ထိုမျက်နှာဖုံးမှာ လက်ရာမြောက်လွန်းလှသည်။ သူမ၏ ဝတ်စုံကဲ့သို့ မရေတွက်နိုင်သော အလုံးနှင့် တောက်ပသော ပုလဲများဖြင့် ပြုလုပ်ထားသည်။ ၎င်းမှာ အလွန် လှပသည်။
အထူးသဖြင့် အဖြူရောင် ပုလဲဝတ်စုံနှင့် အခြား လက်ဝတ်ရတနာများ ယှဉ်တွဲထားခြင်းသည် ကမ္ဘာပေါ်တွင် အရိုးရှင်းဆုံးဖြစ်သည်။
အန်းရှတွင် လျှို့ဝှက် ဆန်းကြယ်သော အလှအချို့ရှိသည်။
သို့ပေမယ့်..
"ခဏလေး။ ဘာကြောင့် မျက်နှာဖုံးတပ်ရမှာလဲ"
ထိုမျက်နှာဖုံးကို ကြည့်ရတာ လှပပေမယ့် သူမ အတော်လေး ကြိုးစားပြီး လုပ်ထားသော မိတ်ကပ်ကို ဖုံးကွယ်ထားသည်။
"အို ကိုယ် မင်းကို ပြောဖို့မေ့နေတာ ဒီည ညစာစားပွဲနဲ့ ဖက်ရှင် ရှိုးပွဲရဲ့ အဓိက ဆိုလိုရင်းက မျက်နှာဖုံး အနောက်တိုင်း စုံတွဲကပွဲပဲ။ ဖိတ်ကြားခံထားရတဲ့ ဧည့်သည်တွေက မျက်နှာဖုံး တပ်ထားရမှာ"
ပြောပြီးသည်နှင့် ဟော်စစ်သည် သူ၏ မျက်နှာတွင် အနက်ရောင် မျက်နှာဖုံးကို ကပ်လိုက်သည်။
"ဘယ်လိုလဲ။ ကိုယ်ကို ကြည့်ရတာ မခန့်ညားဘူးလား"
"အစကတည်းက မျက်နှာဖုံးတပ်ရမှာ ဆိုရင်လဲ ကျွန်မကို တစ်နာရီကြာအောင် မိတ်ကပ်လိမ်းဖို့ မိတ်ကပ်ဆရာကို ဘာကြောင့် ရှာခဲ့တာလဲ"
အန်းရှသည် ထိုင်ခုံတွင် ထိုင်ပြီး မိတ်ကပ်လိမ်းပြီးသော အချိန်တွင် တကယ်ကို ခြေကုန်လက်ပန်း ကျသွားသည်။
"ကျွန်မဖင်နာနေပြီ"
အန်းရှက တိုးတိုးလေး ပြောသည်။ ဟော်စစ်သည် သူမ၏ နှုတ်ခမ်းထောင့်များကို တွန့်လိုက်ပြီး သူ၏ နက်မှောင်ပြီး နက်နဲသော မျက်လုံးများမှ မရိုးသားသော အလင်းရောင်များ ထွက်ပေါ်လာသည်။
![](https://img.wattpad.com/cover/343750833-288-k556053.jpg)
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်