ဖူအန်၏လက်ချောင်းများရေတွက်လာသည်ကိုကြည့်ရင်း ကျန်းယွမ်ယွမ်၏အမူအရာမှာ တစ်ဖြည်းဖြည်း သိချင်စိတ်ဖြင့် စိတ်လှုပ်ရှားနေသည့်အမူအရာမှ တစ်ဖြည်းဖြည်းတည်လာ၏။ ထို့နောက် တိတ်တဆိတ်ဖြင့် ကြည့်နေမိတော့သည်။
ဒီဂိမ်းက အရမ်းခက်တဲ့ဟာကို………………
ဗီဗာမြို့က လူအချင်းချင်းစားနေကြတဲ့မြင်ကွင်း၊ နောက်ကျိနေတဲ့ရေပြင်ပေါ်မှာ ပုပ်နေတဲ့အလောင်းတွေ မျှောပါနေတဲ့မြင်ကွင်းတွေက ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့လို့ ရနိုင်တော့မှာမဟုတ်ဘူး…..
ပြီးတော့ ဒီသရဲတွေ…………….ဒီရက်တွေမှာ ညတိုင်း ငါအိမ်မက်ဆိုးမက်နေခဲ့ရတာ………..
ငါ ၂ ကြိမ်လေးပဲ ကစားဖူးသေးတယ်……….. ပြိုလဲတော့မတတ်ပဲ……..
ဒါပေမယ့် ငါ့ရဲ့ဖက်တီးမလေးကြုံတွေ့ဖူးတဲ့အရေအတွက်က…………….ဘော့စ်နှင့်တွေ့ကြုံရသည်ကို ပျော်ရွင်မိပြီး ကျန်းယွမ်ယွမ်၏မျက်လုံးများမှာ အနီရောင်သို့ပြောင်းလာပြီး ရုတ်တရက် ဖူအန်အားဖက်လိုက်၏။ သူမအသံမှာ ဗလုံးဗထွေးနိုင်နေသည်။
“ဖက်တီးမလေး…………..နင်ဘယ်လိုဘဝမျိုးမှာ အသက်ရှင်နေနေရတာလဲ”
“အိုး……………နင့်နှာရည်တွေကို ငါ့အင်္ကျီမှာ လာမသုတ်နဲ့လေ”
ဖူအန်မှာ အလျှင်အမြန်ပင် သူမအားအဝေးသို့တွန်းလိုက်၏။ ဤရက်များအတွင်း သူမမှာ အဝတ်အစားလဲ၍မရနိုင်ပေ။
ကျန်းယွမ်ယွမ်…………..”ငါဒီလောက်ဝမ်းနည်းနေတာ……………ငါ့ကိုနှစ်သိမ့်မပေးနိုင်ဘူးလား?”
“ဘယ်ကဝမ်းနည်းတဲ့အကြောင်းအရာအများကြီး ရောက်လာတာတုန်း?”
ဖူအန်သည် သူမ၏မျက်နှာကိုခေါင်းအုံးဖြင့်ကာလိုက်ပြီး……..
“သွားအိပ်တော့”အင်း………..
ဝမ်းနည်းမှုက ပျောက်ကွယ်သွား၏။
ကျန်းယွမ်ယွမ်သည့် ခေါင်းကိုယူ၍ ခေါင်းအောက်တွင်ချလိုက်ကာ သက်ပြင်းချလိုက်၏။“နင်သာ ယောကျ်ားလေးဆိုရင် နင့်ဘဝမှာ ကောင်မလေးရှာဖို့ ခက်ခဲတော့မှာပဲ”
…………………………………………………..
