ဖူအန်၏စကေးကို ပထမဆုံးမြင်လိုက်ရသည့်အတွက် ကျန်းယွမ်ယွမ်မှာ တစ်ခဏခန့်ဆွံ့အသွားမိသည်။
ဒါက ကိုယ့်ကိုကိုယ်တောင်ဂရုမစိုက်နိုင်တဲ့ နူးညံ့အားနည်းတဲ့ဖက်တီးမလေးလား………….
ဖူအန်မှာ ထိုအချိန်တွင် ကျန်းမင်ထံမှ မောင်းချဓားကိုဆွဲလုလိုက်ပြီး ဓားသွားဖြင့် သူမမျက်နှာပေါ် ဖိထားလိုက်၏။ ဓားဖျားမှသွေးများက သူမမျက်နှာပေါ်သို့ တစ်စက်စက်ကျသွားသည်။
“နင်ရူးနေပြီ”
ကျန်းယွမ်ယွမ်သည် သူမဆွဲထားသည့်ဆံပင်များကို လွှင့်ပစ်လိုက်၏။ စာသင်ခန်းထဲမှ အိမ်သာသုံးတစ်ရှူးတစ်ထုပ်ကို ရှာတွေ့လိုက်သဖြင့် လက်တစ်ဆုပ်ကိုယူလိုက်ပြီး သွေးတိတ်စေရန် ဖိထားလိုက်သည်။
“ဖက်တီးမလေး……………..သတိထားအုန်း………………ဒီမိန်းမက အရမ်းအဆိပ်ရှိတယ်………..သူ ငါ့ကိုသတ်ချင်နေတာ”
ထိုသည်ကိုကြားသောအခါ ဖူအန်၏မျက်နှာမှောင်မည်းသွားသည်။
မျက်နှာနားမှ မောင်းချဓားက ကျန်းမင်၏လည်ပင်းဆီသို့ ဦးတည်လိုက်၏။ကျန်းမင်မှာ ဖူအန်၏ခန္ဓာကိုယ်မှထွက်ပေါ်လာသည့် လူသတ်ချင်စိတ်များကို ခံစားလိုက်ရသည်။ ဤတစ်ကြိမ်သည် သူမအတွက် ဂိမ်း၏ဒုတိယအဆင့်ကမ္ဘာများတွင် ဤကဲ့သို့ကြောက်ရွံ့မှုမျိုးကို ခံစားရသည့်ပထမဆုံးအကြိမ်ပင်။
ထက်မြသည့်ဓားက သူမ၏လည်မျိုကို ဖောက်ထွက်ရန်အချိန်တစ်ခဏသာလိုတော့သည်။
သူမ ပို၍မစွန့်စားချင်တော။လက်ထဲတွင် ဝိုင်းစက်သည့်အရာတစ်ခုပေါ်လာသည်။
ချိုးခြေလိုက်စဉ် သူမက အခြားလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။သူမသည် ထိုနေရာမှရုတ်တရက်ပျောက်သွားပြီး စာသင်ခန်းအပြင်ဖက်တွင် ပြန်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် စာသင်ခန်းထဲ၌ သရဲ ၄ ကောင် ပေါ်လာသည်။
သူတို့ပေါ်လာသည်နှင့် အလွန်အမင်းရန်လိုနေကာ စာသင်ခန်းထဲတွင် ပြင်းပြင်းထန်ထန်တိုက်ခိုက်တော့သည်။
ဖူအန်သည် သူတို့၏ ဦးတည်ချက်မဲ့တိုက်ခိုက်ချက်များကို ရှောင်ရှားရင်း မျက်မှောင်ကြုတ်လိုက်၏။
