ဖူအန်သည် အပြင်ဖက်သို့ဂရုတစိုက်ကြည့်လိုက်၏။ ရုတ်တရက် သူမရင်းနှီးသည့်ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
မာယီနဲ့ ဟန်ရင်အာ…………..
တစ်ညလုံး ဒီလောက်သရဲတွေအများကြီးကြားထဲမှာ သူတို့တကယ် အသက်ရှင်နေကြတုန်းလား……….
မနေ့ညမှ တံခါးအခြေအနေကိုကြည့်၍ လူတိုင်းသေဆုံးပြီဟု သူမတွေးမိခဲ့ခြင်းပင်။
သို့သော်လည်း ဤ ၂ ယောက်၏လက်ရှိအခြေအနေမှာ မကောင်းလှပေ။
မာယီ၏မျက်နှာမှာ ဖြူဖျော့နေ၏။ ထို့အပြင် ဒဏ်ရာလည်းရထားပုံပေါ်ကာ လမ်းလျှောက်သည့်ပုံစံက အနည်းငယ် သဘာဝမကျဖြစ်နေသည်။လမ်းတစ်လျှောက် ပြန့်ကျဲနေကြသည့်သရဲများကိုရှောင်ရှားရင် သူတို့လည်း မီးဖိုချောင်နားသို့ ရောက်လာ၏။
“မာယီနဲ့ ဟန်ရင်အာလည်း ကောင်းနေကြသေးတယ်”
ဖူအန်တစ်ယောက်တည်းသာ အံ့ဩသွားသည်မဟုတ်ပေ။
ဖူအန်သည် ကျန်းယွမ်ယွမ်၏စကားကိုကြားမိသည့်အတွက် လက်ဆန့်၍ ထိုင်ရန်အချက်ပြလိုက်၏။မီးဖိုချောင်တံခါး၏လက်ကိုင်ဖုမှာ အနည်းငယ်သာ လှည့်သွား၏။ ချက်ချထားခြင်းဖြစ်သဖြင့် အနည်းငယ်သာ လှည့်နိုင်ခြင်းဖြစ်သည်။
တံခါးကိုမဖွင့်နိုင်သည်ကိုတွေ့သောအခါ သူတို့ ၂ ယောက်မှာ မှန်တံခါးအနီးသို့ကပ်လိုက်ကြသည်။
သူတို့၏မျက်လုံးများကို ပြူး၍ မီးဖိုချောင်ထဲသို့ရှာလိုက်၏။“အန်အန်………………အန်အန်…………….နင်အထဲမှာလား?.................ငါတို့အတွက် တံခါးဖွင့်ပေးပါအုန်း”
“အစ်မကျန်း…………….တံခါးဖွင့်ပေးပါအုန်း…………….အပြင်မှာ အရမ်းအန္တရာယ်များတယ်”
ပြတင်းပေါက်မှတစ်ဆင့် သူတို့အော်လိုက်ကြသည်။
သူတို့မှာ အသံကိုတမင်တကာနှိမ့်ထားကြသော်လည်း ယခုကဲ့သို့အချိန်တွင် ဤကဲ့သို့အသံမှာ အလွန်အန္တရာယ်များလှသည်။သရဲများမှာ သူတို့နှင့် မဝေးလှသဖြင့် သတိပြုမိဖို့အလွန်လွယ်ကူလေသည်။
မာယီနှင့်ဟန်ရင်အာမှာ အစားအစာလာရှာကြခြင်းပင်။
