အခန်း (၃၉၆) အိမ်ဂျယ်မူလတန်းကျောင်း (၃၂)

148 41 0
                                    


ကစားကွင်းနေရာတွင်……….

ဖူအန်က သရဲတစ်ကောင်ကို ဖြတ်ကျော်လိုက်၏။
များပြားလာသည့်သရဲအရေအတွက်ကြောင့် သူမမှာ ဖိအားများလာသည်။

သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး အလျှင်အမြန်ဆုံးဖြတ်ချက်ချလိုက်၏။ ကျန်းယွမ်ယွမ်အား အချက်ပြလိုက်ကာ အပေါ်သို့သွားရန်ပြင်လိုက်ကြသည်။
…………………………………………………

နောက်ဆုံးတော့ သူမတို့ရောက်လာခဲ့သည်။

ရောက်လာသည့်ဖူအန်အား ကျန်းမင်က ကြည့်လိုက်ပြီး ပါးစပ်ထောင့်မှပြုံးလိုက်၏။

ယခုနက မာယီနှင့်ဟန်ရင်အာတို့၏အဖြစ်ကြောင့် ဖူအန်တစ်ကိုယ်လုံးတောင့်တင်းသွားကာ ‘ကျန်းမင်’သာ တစ်ခုခုထူးထူးခြားခြားပြုမူပါက နေရာလွတ်ထဲသို့ထည့်ရန် အသင့်ပြင်လိုက်၏။

ကျန်းမင်မှာ ယခုလေးတင် သူဘာကိုဖြတ်ကျော်ခဲ့ရသည်ကို မသိသေးပဲ ဖူအန်သူမဆီမှလဲသွားသည့် ငြိမ်းချမ်းရေးအဆောင်အကြောင်းကို တွေးနေခြင်းဖြစ်သည်။

ဒီနေရာကို သူတို့တွေအန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်လာခဲ့တာကိုကြည့်ရင် ငါ့ရဲ့လုံခြုံရေးအဆောင်က အရမ်းအကျိုးရှိမှာပဲ……………

ကျန်သေးမယ်လို့ မျှော်လင့်ရမှာပဲ…………….

ထိုသည်ကိုတွေးလိုက်ရင်း ကျန်းမင်က စာရွက်ပေါ်တွင် သူမအချိန်အတော်ကြာ တွေးထားသည့်အရာအား ချရေးလိုက်၏။

(ငါနင့်တို့ကို ဒီဂိမ်းကနေ အောင်မြင်အောင် ခေါ်ထုတ်သွားနိုင်တယ်………..အလဲအလှယ်အနေနဲ့ ငါ့ကို ငြိမ်းချမ်းရေးအဆောင် ၂ ခုပေးရမယ်…………ဘယ်လိုလဲ?......)

အသက်ရှင်သေးတဲ့လူပဲ………

ထိုသည်ကိုမြင်သောအခါ ဖူအန်မှာအနည်းငယ်စိတ်သက်သာရာရသွားသည်။

ဒါပေမယ့် သူ့အတွက် ငြိမ်းချမ်းရေးအဆောင်ပေးရမယ့်ပေါ့…………

(ကုန်ပြီ..)

ဖူအန်က ဘောပင်ကိုယူ၍ ဖြေလိုက်၏။ ထို့နောက် ဆက်ရေးလိုက်၏။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now