ဖူအန်မှာ အသက်အောင့်လိုက်ပြီး အိပ်ရာပေါ်မှ နောက်အိပ်ရာတစ်ခုပေါ်သို့ ချက်ချင်းခုန်လိုက်၏။
ကြောင်တစ်ကောင်လိုပင်။
ဖူအန်၏လှုပ်ရှားပုံကိုကြည့်၍ ကျန်းယွမ်ယွမ်မှာ သူမလည်း လုပ်နိုင်သည်ဟု ခံစားလိုက်ရသည်။
ပထဆုံးလုပ်ရမှာက ငါ့ခြေထောက်တွေကို ကွေးပြီး အိပ်ရာအစွန်းကိုနင်းမယ်………..ပြီးရင် ခန္ဓာကိုယ်ကို “ဖြည်းဖြည်းလေးလှိမ့်လိုက်မယ်”…………….
ကုတင်မှာ ၂ ကြိမ်ခန့်အနည်းငယ်လှုပ်ရှားသွားသည်။
ဤမျှလှုပ်ရှားမှုလေးကိုပင် သရဲများမှာ သတိပြုမိသွားကြပုံပေါ်သည်။သူတို့လာနေပြီ……….
အနက်ရောင်လက်သည်းများမှာ သူမရှေ့သို့ရောက်လာပြီး မရှောင်နိုင်တော့ပေ။
ကျန်းယွမ်ယွမ်၏မျက်လုံးများမှာ ပြုးကျယ်သွားပြီး သွေးလည်ပတ်မှုများ ရပ်တန့်သွားကာ တစ်ကိုယ်လုံးအေးစက်သွား၏။သူမသေတော့မည်ဟု တွေးလိုက်စဉ်မှာပင် သူမအနားသို့ကပ်လာသည့်သရဲမှာ လေထဲ၌ပျောက်ကွယ်သွားလေသည်။
ဒီ…………ဒီလိုပဲပျောက်သွားတယ်……………..
ကျန်းယွမ်ယွမ်မှာ လှုပ်ရန်အတွက်ပင် အလွန်ကြောက်ရွံ့နေပြီး ကုတင်ပေါ်တွင် တောင့်တောင့်ကြီးမလှုပ်မယှက်ရှိနေ၏။
အမှန်ပင်။ သရဲမှာ ဖူအန်ကြောင့် နေရာလွတ်ထဲသို့အထည့်ခံလိုက်ရခြင်းပင်။
ထည့်လိုက်သည့်သရဲအပြင် အခန်းထဲ၌ နောက်ထပ် ၆ ကောင်ရှိနေလေသည်။
ဖူအန်ဘေးတွင်တစ်ကောင်၊ ခေါင်းပေါ်တွင်တစ်ကောင်၊ အိပ်ရာအောက်တွင် တစ်ကောင်၊ ကျန်းယွမ်ယွမ်နှင့် မီတာဝက်ခန့်သာဝေးသည့်နေရာတွင် တစ်ကောင်နှင့် တံခါးနေရာနှင့်ကော်ရစ်ဒါတွင် နောက်ထပ် ၃ ကောင် ပူးကပ်စွာ ရှိနေကြသည်။၆ ကောင်၊ ငါလုပ်နိုင်ပါတယ်…………
ဖူအန်က ခေါင်းအုံးပေါ်တွင် ခြေဖွ၍မတ်တပ်ရပ်လိုက်ပြီး ဤအရာများဆီသို့ သတိဖြင့်ကပ်လိုက်၏။
ကျန်းယွမ်ယွမ်မှာ တစ်ချိန်လုံးကြောင်အမ်အမ်ဖြင့် ဖူအန်က သရဲတစ်ကောင်အနားသို့ကပ်သွားသည့်အချိန်တိုင်း အခန်းထဲ၌ သရဲတစ်ကောင်လျော့သွားသည်ကို ကြည့်နေသည်။
