1+2+3+4+5

18.6K 530 9
                                    

အခန်း ၁ မင်းရှက်ချင်ယောင် ဆောင်နေတာလား?

တောက်ပြောင်ရှင်းသန့်နေတဲ့ စကျင်ကျောက်ကြမ်းပြင်ပေါ်မာ ဝမ်ရှုရှုရဲ့ ပါးလွှာတဲ့ ပုံရိပ်လေး ထင်ဟပ်နေတယ် သူမလက်နှစ်ဖက်လုံးမာ F and P က ထုတ်ထားတဲ့ နောက်ဆုံးပေါ်ဖုန်းနှစ်လုံးကို ကိုင်ထားပီး ချိုင်းအောက် မာ အပြာရောင်ဖိုင် တစ်ခု ညှပ်ထားကာ ဥက္ကဌ ရုံးခန်းကို အလောတကြီး ပြေးသွားနေခဲ့တယ်

"အစ်မ ရှုရှု ဘာတွေ အလျင်လိုနေတာလဲ"

F and P မာ သူမနဲ့ ဥက္ကဋ္ဌ တို့ဟာ သူငယ်တန်း မူလတန်းနဲ့ အထက်တန်း B မြို့တော်မှာ ရှိတဲ့ တက္ကသိုလ်ပါ တူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေ ဆိုတာ လူတိုင်းသိကြတယ်
ဘွဲ့ရပီးတော့ သူမကို ဥက္ကဋ္ဌရန် ရဲ့ အတွင်းရေးမှုး အဖစ် ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ခန့်ထားလိုက်တာကြောင့် စီနီယာတချို့ က လွဲပီး ဝန်ထမ်းအားလုံးလိုလို သူမကို အစ်မရှုရှု လို့ ခေါ်ကြတယ်

ဝမ်ရှုရှု ပြုံးပြလိုက်ပီးတော့ လက်ကို မြှောက်ပြလိုက်တယ်
"ဥက္ကဌ ဖုန်း"

ပြောနေရင်းမှာပဲ သူမက ဥက္ကဋ္ဌရုံးခန်းတံခါးကို ခေါက်ပီး ဝင်သွားလိုက်တယ်

"ဥက္ကဌ ရန်?"

ရန်ရုချန်က ဘယ်မှာမှရှိမနေခဲ့ပါဘူး

ဥက္ကဌရုံးခန်းက အခန်းနှစ်ခန်းနဲ့ အစည်းအဝေးခန်းတစ်ခုပါတဲ့ ဟိုတယ်ခန်းလိုပုံစံမျိုးဖြစ်ပြီး အဖြူနဲ့ မီးခိုးရောင်ကို သုံးထားတဲ့ ရိုးရှင်းတဲ့ Europe style မျိုးဖြစ်ပြီးတော့  မီးခိုးရောင် ကြွေထည် စားပွဲခုံနဲ့ ဆုံလည်းကုလားထိုင် လည်းရှိပီးတော့
ပြတင်းပေါက်ကနေကြည့်ရင် မြို့တဝက်ရှုခင်းကို မြင်ရတယ်

ဘာသံမှ ပြန်မကြားရလို့ အိပ်ခန်းဆီ တချက်သွားကြည့်လိုက်တော့  အိပ်ခန်းတံခါးက ပွင့်လျက်သားဖြစ်နေတယ်

သူမ ဖုန်းကိုင်ထားရင်း  ဥက္ကဌ အခန်းထဲ ဝင်သင့်မဝင်သင့်စဉ်းစားနေခဲ့တယ်

"အတွင်းရေးမှူး ဝမ် မင်းနားထောင်နေသေးလား? ဥက္ကဌကို ခုထိမတွေ့ရသေးဘူးလား"

သူမ ညာလက်က ကိုင်ထားတဲ့ဖုန်းထဲက အသံ ချိုချိုလေးတစ်ခုက စိတ်မရှည်တဲ့အသံမျိုးနဲ့ တွန်းအားပေးနေခဲ့တယ်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now