🖤Theories of LOVE♥
🖤Season -3♥
🖤ပျော်ရွှင်ခြင်း ဒိုင်ယာရီ♥
မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်တာနဲ့ ရှူသွင်းရတဲ့လေထဲမှာ ပျော်ရွှင်ခြင်းတွေပါရင်.....
ခင်ဗျားရဲ့ဘဝကအရမ်းလှနေတယ်ဆိုတာသေချာပါပြီ.....
🖤♥🖤♥
Joy's Diary 👶
သားသား ကို ပါးနဲ့ဒီဒီးခေါ်ကြတာက Joyတဲ့...
သားသားဟာ သားသား ကိုယ့်ဟာကိုယ် ဒွိုင်းလို့ခေါ်ရင် ဒီဒီနဲ့ပါးက ရယ်တယ်....
သားသားကြားသလို ခေါ်ပေမဲ့ ဒီဒီတို့ကတော့ စကားမပီဘူးဆိုလားပြောကြတာပဲ....
သားသားမှာ ညီမလေးလဲရှိသေးတယ်....
ညီမလေးနာမည်ကတော့ Smileတဲ့....
ဒါပေမဲ့သားသားကတော့ မိုင်း လို့ပဲခေါ်တယ်....
သားသား အသက်ခု ၂နှစ်ကျော်ပြီတဲ့.....
ဒီဒီနဲ့ပါးပြောပြလို့ သိတာပါ....
သားသားသိတာက နည်းနည်းလေးပါ....
ဒီဒီနဲ့ ပါးရယ် ဖိုးရယ် ချန်ချန်ရယ် နစ်နစ်ရယ် ညီမလေးရယ် ဒါပဲ....
ပြီးတော့သားသားသိသေးတာက ဆော့ဖို့နဲ့စားဖို့.....
ဒီဒီနဲ့ပါးလို ပါးစပ်ဟတာနဲ့ စကားတွေများကြီးပြောတတ်ဘူး.....
သားသားလိုချင်တာနဲ့လုပ်ချင်တာကို တိုတိုလေးပဲပြောတတ်တာ....
ဆော့မယ် စားမယ် သားသားကိုစရင် စနဲ့ ကြိုက်ဝူး အာ့တွေကတော့ သားသားပြောတတ်တဲ့ တိုတိုလေးတွေပါ....
ပြီးတော့ သားသားအမြဲပြောနေကျစကားတစ်ခွန်းတော့ရှိတယ်...
ဒီဒီနဲ့ပါးက သင်ပေးထားတာပါ.....
ချစ်တယ် တဲ့....
ဒီဒီနဲ့ပါးက ချစ်လားလို့မေးရင် အဲ့လိုပြန်ဖြေရမယ်တဲ့....
စသင်ပေးတဲ့နေ့ကစပြီး သားသားနဲ့မိုင်းလေးက အသေမှတ်ထားတာ.....
ချစ်လား လို့နားထဲကြားတာနဲ့ ချစ်တယ်လို့ ဖြေလိုက်တာပဲ.....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း