🖤Part-8♥

1.2K 215 117
                                    

🖤Theories of LOVE♥ (Unicode)

🖤Season-3♥

🖤Summer Love♥

🖤Part-8♥

လောကဓံကြားမှာ မမေ့မလျော့ပြုံးစေခဲ့သူတစ်ယောက်ရှိတယ်..

အတိတ် အနာဂတ် ပစ္စုပ္ပန် နဲ့ နှလုံးသားရဲ့အရပ်မျက်နှာ မှန်သမျှမှာ သူရှိတယ်...

သူ့ကို ကျွန်တော်က အချစ်လို့ခေါ်တယ်...

🖤♥🖤♥

အချစ်ကပေးတဲ့ ခွန်အားတွေသူ့နှလုံးသားဆီ ကောင်းကောင်းရောက်ရှိတယ်ထင်ပါရဲ့...

နေမကောင်းဖြစ်လို့ ညှိုးငယ်နေတဲ့မျက်နှာလေးပေမဲ့ ပြုံးရွှင်နေသည်....

♥ကိုကို.....

🖤 ဟင် baby ဘာလိုချင်လို့လဲ....

ကုတင်ပေါ်မှာကျွန်တော့်ရင်ခွင်ထဲဝင်ပြီး အိပ်ဖို့ပြင်ပြီးကာမှ တစ်ခုခုလုပ်ချင်နေပုံရတဲ့ အသံလေးကြောင့် သူ့မျက်နှာလေးကိုတယုတယပွတ်သပ်ပြီး မေးမိသည်...

♥ သားနဲ့သမီးကို သတိရလို့....

ပြုံးနေတဲ့ မျက်နှာလေးက ချက်ချင်းညှိုးသွားပြန်တော့ ကျွန်တော့်မှာ ဘာလုပ်ပေးရမယ်မသိ....

ကလေးတွေ သူနေမကောင်းတာမသိစေနဲ့ဆိုလို့ ဖေဖေ့ကိုဖုန်းလှမ်းဆက်ပြီး ဒီရက်ပိုင်းတွေမှာ video callမပြောဖို့ ခုနလေးကတင် ပြောထားသေးတာလေ...

အခု သူသတိရတယ်ဆိုတော့ ကျွန်တော်ဘာများလုပ်ပေးနိုင်မလဲ....

🖤ဖုန်းပြောချင်လား baby အသံကြားရုံလေးဆို babyနေမကောင်းတာ သူတို့မသိပါဘူး ကလေးတွေပဲဟာ နော်...ဖုန်းပြောမလား....

♥အင်း ပြောမယ်....

ပြောမယ်ဆိုတော့ ဘေးစားပွဲပေါ်က ဖုန်းလေးလှမ်းယူပြီး ဖေဖေ့ဆီဖုန်းခေယ်ရသည်...

ဖုန်းဝင်သွားတော့ ဖေဖေ့လေသံက စိုးရိမ်မှုအပြည့်နဲ့ပါ...

ခုနကတင်သူ့ဆီဖုန်းဆက်ထားတာဆိုတော့ သူစိတ်ပူနေမှာပေါ့....

" ဘာဖြစ်လို့လဲ သား..."

🖤baby က ကလေးတွေနဲ့ ဖုန်းပြောချင်လို့တဲ့ ဖေဖေ....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now