🖤Road to Love-4♥

1.1K 162 140
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Road to Love-4♥

🖤D-Day♥

နေဝင်ချိန်တွေမှာ ပြုံးနေပေး baby....

ကိုယ့်ဘဝမှာအလိုချင်ဆုံးက အမြဲတမ်းမင်းပြုံးနိုင်နေဖို့လေးပါပဲ ကလေးရေ🖤

🖤♥🖤♥

♥ကိုကို.........ကိုကို.......ကိုကို ဘယ်မှာလဲလို့.....

ယောက်ယတ်ခတ် ဆူညံသံတွေက ဘာရယ် မသဲကွဲခဲ့....

တရစပ်ပေါ်လာတဲ့ပုံရိပ်တွေကတော့ ရုပ်ရှင်ပိတ်ကားပြကွက်တစ်ခုလိုဆိုပေမဲ့ မရေရာ ခဲ့....

သေချာတာကတော့ ကျွန်တော်က တစ်စုံတစ်ရာကို ပျောက်ဆုံးနေတဲ့ခံစားချက်မျိုး....

ကိုကိုကလဲ အနားမှာ မရှိ အဲ့တော့ ကျွန်တော်ပျောက်ဆုံးနေတာ ကိုကိုပဲဖြစ်မှာပါ...

♥ ကိုကို ရေ......ဘယ်မှာလဲလို့....

လင်းထိန်နေတဲ့စူးရှတဲ့အလင်းရောင်တွေကြားမှာ ပြေးလွှားဟစ်အော်ရင်း လက်ခနဲဖြစ်သွားတဲ့ခပ်လှမ်းလှမ်းက အရာကို ငေးကြည့်ရင်း ကျွန်တော် ငုတ်တုတ်ထိုင်ပြီး အာခေါင်ခြစ်အော်ပစ်လိုက်မိပြီ.....

ကျွန်တော့်ရှေ့မှာ မြင်နေရတာက မှန်တစ်ချပ်....

ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အဲ့မှန်ထဲမှာ မမြင်ရဘူးလေ.....

🖤♥🖤♥

ဟိုးအဝေးကြီးကနေ ခေါ်နေသံသဲ့သဲ့လေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့မှ ကျွန်တော့်တစ်ကိုယ်လုံးက ကိုကို့ရဲ့နွေးထွေးတဲ့ လက်တွေကြားမှာ...

🖤 baby အဆင်ပြေလား ဘာဖြစ်လို့လဲဟင် အိပ်မက်ဆိုးမက်တာလား....

အော်နေတာ အကျယ်ကြီးပဲ ပြော ကိုကို့ကို အိပ်မက်ထဲမှာဘာဖြစ်လို့လဲဟင်....

အော် မေ့နေတာ ရေ အရင်သောက်....

အိပ်မက်ထဲမှာသွေးပျက်ခဲ့ရတဲ့ ကျွန်တော့်ထက် သူ့ရဲ့ခုလက်ရှိပုံစံက ပိုပြီးထိတ်လန့်နေတဲ့ဟန်ကြောင့် ကျွန်တော်ပြုံးပြလိုက်မိသည်....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersOnde histórias criam vida. Descubra agora