Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤 Coffee Love-13❤️
အိပ်မက်တွေလဲရှည်ကြာစေ
မင်းအတွက်ဆန္ဒတွေလဲ တည်မြဲစေ
ငါ့နှလုံးသားကို သက်သေတည်၍လေ...
🖤❤️🖤❤️
အပြာရောင်မိုးသားအောက် တောက်ပသောနေရောင်အောက်....
မပူမအေး လေပွေနဲ့ ဝေ့ဝဲနေသော ဖုန်မှုန့်တွေကြား စူးစမ်းနေသော မျက်ဝန်း၂စုံကပိုမိုတောက်ပလျက်...
တဖြည်းဖြည်းနဲ့ ရှေ့တိုးလာတာက စက်ဘီးတွန်းလာတဲ့ ကောင်လေး
🌹 အင်း တွေ့ကြရပြီပဲ နောက်ဆုံးတော့
🖤 မင်းက ငါ့ကိုသိနေတာလား ပြီးတော့ မင်းနဲ့ငါက ဘာလို့အဲ့လောက်တူရတာလဲ
🌹 သိချင်ရင် ငါနဲ့လိုက်ခဲ့လေ
🖤 သိချင်ပေမဲ့ ငါ့မှာအရေးကြီးကိစ္စရှိသေးတယ်
🌹 ဘာလဲ အထဲက ငါ့ကောင်လေးနဲ့ စကားပြောနေတဲ့ မင်းကောင်လေးကို ချောင်းမလို့လား
🖤 ဟင် ......
🌹 အထဲမှာ သူတို့၂ယောက်စကားပြောနေကြတယ်လေ အာ့ကြောင့်ငါတောင်ရှောင်တဲ့အနေနဲ့ အပြင်ထွက်လာပေးတာ
ဘယ်လိုလဲ ဝင်သွားမလား ငါနဲ့လိုက်မလား
စက်ဘီးနဲ့ကောင်လေးရဲ့အမေးကို တစ်ဖက်ကကောင်လေး စဥ်းစားနေဟန်ရှိသည်။
ခဏအကြာမှာတော့....
🖤ကောင်းပြီလေ မင်းနဲ့လိုက်ရင်လဲ ငါသိချင်တာတစ်ခုခုတော့သိရမယ်ထင်တာပဲ လိုက်ခဲ့မယ်လေ
🌹 Ok လာ ငါသွားမဲ့နေရာက နည်းနည်းလှမ်းသေးတယ် စက်ဘီးနောက်ကတက်
နောက်ဆုံးမှာတော့ တူညီသောကောင်လေး၂ယောက်ဟာ အဖြူရောင်စက်ဘီးလေးနဲ့ချစ်စရာ ပန်းဆိုင်လေးနားကနေ ထွက်သွားကြပြီလေ။
🖤❤️🖤❤️
ရွေးချယ်ရမဲ့အနေအထားတစ်ရပ်မှာ ပိုပြီးအကျိုးရှိမဲ့အရာကို ရွေးခဲ့တယ်လို့ ထင်တာပါပဲ။
baby မသိအောင်ချောင်းနေရမဲ့အတူတူ မြင်နေရတဲ့ ရှေ့က ကျွန်တော့်ကိုယ်ပွားလိုလူဆီက တစ်ခုခုသိရဖို့က ပိုသေချာတယ်မဟုတ်လား။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း