Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Chromatophilia-14❤️
ကုတင်ပေါ်မှာ ပြုံးပြုံးကြီးလှဲနေတဲ့ ဖေဖေ့နားမှာ ထိုင်နေတဲ့ baby မျက်နှာလေးက ဇီးရွက်လောက်ပဲကျန်တော့သည်။ အန်ကယ် Nonကလဲ သူ့ဘာသာစမ်းသပ်စရာရှိတာစမ်းသပ်ပြီး ခပ်ပြုံးပြုံးပင်။
"အသက်ကြီးပိုင်းဆိုတော့ အားနည်းတဲ့သဘောပါပဲ ဘာမှကြီးကြီးမားမားမဖြစ်ပါဘူး"
❤️ တကယ်သေချာတယ်နော် အန်ကယ် Non
"သြော် လိမ်မပြောပါဘူး သားရယ် ကဲ သားကြီးနဲ့ငါနဲ့ အောက်ထပ်ရွှေ့ကြမယ် မင်းခေါင်းကဒဏ်ရာဆေးထည့်ပေးရဦးမယ်လေ"
❤️ ကိုကို baby လိုက်မပို့တော့ဘူးနော် ဖြစ်လား
မျက်နှာငယ်လေးနဲ့လှည့်ပြောတဲ့ baby ကို ပြုံးပြီးတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။ သူအရမ်းစိတ်ပူနေရှာတယ်မဟုတ်လား။
🖤 ရတယ် baby အန်ကယ်နဲ့တူတူသွားမှာပဲဟာ
❤️ ခဏနေ ဆင်းလာခဲ့မယ်နော်
🖤 အင်း အင်း
အန်ကယ်နဲ့တူတူ အပေါ်ကနေအောက်ကို ဖြည်းဖြည်းချင်း ဆင်းလာခဲ့ပြီး အခန်းထဲရောက်တော့ ခေါင်းကပတ်တီးဖြည်ပြီး ဆေးအသစ်ထည့်ကာပတ်တီးပြန်စည်းပေးရင်း အန်ကယ်ကပြောလာသည်။
"သား တစ်ခုခုများ အန်ကယ့်ကိုပြောချင်တာရှိနေလား"
🖤 ဟို ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး အန်ကယ်ရာ အခု ဖေဖေ့မှာ ဘာရောဂါမှမရှိတာတော့ တကယ်ပါနော် အန်ကယ်
"တကယ်ပေါ့ သားရဲ့ ဒါပေမဲ့"
ဒါပေမဲ့ဆိုတဲ့စကားလုံးနောက်က ဘာတွေထွက်လာဦးမလဲဆိုတာကိုတွေးရင်းလူကအသက်တောင်ကောင်းကောင်းမရှူမိတော့။
"လူတွေမှာ အချိန်ကာလဆိုတာရှိတယ် သိလား သားတို့အဖေတွေ ကား accidentဖြစ်ခဲ့တုံးက သူကံကောင်းလို့မသေခဲ့တာလေ ပြောရရင် ကံတရားလဲပါသလို စိတ်ကြောင့်လဲပါတယ်
အဲ့တုံးကရတဲ့ဒဏ်ရာတွေနဲ့ အရိုးအဆစ်တွေကိုက်ခဲတာကလွဲလို့ ဘာရောဂါမှ ကြီးကြီးမားမားသူ့မှာမရှိဘူးဆိုပေမဲ့ အန်ကယ်နဲ့စကားပြောဖြစ်ကြတဲ့အခါတိုင်း သူပြောပြတာတစ်ခုရှိတယ်
VOCÊ ESTÁ LENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း