Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Chromatophilia-2❤️
ဟူးးးးးးးးးးးး
အဆင်မပြေခြင်းတွေကို မကျေမလည်ပဲရှင်းထုတ်လိုက်ရပြီး လူကငိုချင်သလိုရယ်ချင်သလိုနဲ့။
သြော် သားသမီး သားသမီး မရှိမကောင်း ရှိမကောင်းလို့ ဖေဖေတို့ပြောတာ ဒါကြောင့်ထင်တယ်။
မင်း တစ်ချိန်ဝဋ်မလည်ပါစေနဲ့ ငါ့သားကြီးရာ။
ကြိတ်မနိုင်ခဲမရနဲ့ အခန်းထဲပြန်ဝင်လာသည်အထိ Joyဆိုတဲ့ သားချောလေးဟာ အီးတုံးလေးတွေရေတွက်လို့ကောင်းနေတုံး။
👶 ပါပါးးးး သရီးတောင် ရှိပြီ
အသာလေး ရေချိုးခန်းအဝနားကနေသွားချောင်းတော့ baby က သားရှေ့ငုတ်တုတ်ထိုင် နှာခေါင်းလေးပိတ်ပြီး သူ့သားဟောတဲ့ အီးတရားကို ထိုင်နာနေလေရဲ့။
သရီး သရီးနဲ့ ပါးစပ်ကအော်ပြီး လက်ကထောင်တော့ဖြင့် တစ်ချောင်းတည်း။
သူ့ပါပါးလို လက်ညှိုးနဲ့ လက်ခလယ်မှားမထောင်မိအောင် သင်ကြားပေးဖို့ တာဝန်ကတော့ ကျွန်တော့်မှာအပြည့်အဝရှိနေပါပြီလေ။
❤️ အာ့ဆို ခုနက အီအီးတစ်တုံးထွက်နေပြီလို့ ပြောတာ ညာတာလား တကယ်လား
baby ကတော့ သူ့သားကို သဘောတကျနဲ့ စစ်ဆေးမေးမြန်းနေပြီ။
ဟွန်း ဖြေစမ်း ငါ့သား ညာတာဆိုလို့ကတော့ အီးကိုတစ်ပတ်စာလောက် ပါစရာမလိုအောင် ညှစ်ထုတ်ပေးမယ်။
👶 ညာဘူး ပါပါးးး အီအီးတုံးက ထွက်နေရာ
❤️ဟုတ်ပါပြီ သားသားရယ် ချစ်မဝဘူးကွာ အလိမ္မာတုံးလေး....
အလိမ္မာတုံးလေးမဟုတ်ဘူး babyရဲ့ မင်း သားက ပြဿနာတုံးလေး။
စိတ်ထဲက အော်ပြောချင်ပေမဲ့ မတတ်သာတာမို့ ကုတင်ပေါ်သာတက်လှဲအိပ်နေလိုက်တော့သည်။
ရှားရှားပါးပါး အခုမှ baby ဆီကခွင့်ပြုချက်ရလို့ ဝမ်းသာနေတုံးရှိသေး ဒင်းက တကယ့်အချိန်မှကွာ။
ငိုချင်သလိုလိုနဲ့ လူကစိတ်ပျက်လက်ပျက်ဖြစ်နေတုံး ကုတင်ကလှုပ်တုတ်လှုပ်တုတ်ဖြစ်လာပြီး ကျွန်တော့်တင်ပါးကို ဖတ်ကနဲလာရိုက်တဲ့ လက်သေးသေးလေး။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း