(Unicode)
🖤Theories of LOVE❤️
🖤Season-3❤️
🖤New Chapters❤️
🖤Coffee Love❤️
ခါးသီးအေးစက်တဲ့ အချစ်တွေကိုမျိုချရင်း ကဖင်းဆိပ်သင့်နေတဲ့ အသွေးအသားတွေက စကားတစ်ခွန်းကိုပဲ နေ့တိုင်းပြောနေမိတယ် ...
လွမ်းတယ်တဲ့...☕️
🖤❤️🖤❤️
ပါပါး..........ဒီဒီ..........
သက်တမ်းရှည်စေမဲ့ အသံလေးတွေနဲ့ ကျွန်တော်တို့ရင်ခွင်ထဲ ကိုယ်စီ ပြေးဝင်လာတဲ့ ဘဝလေး နှစ်ခုကို ဆီးကြိုပွေ့ဖမ်းရင်း လွမ်းရသမျှ အတိုးချနမ်းနေမိတော့သည်။
❤️ လွမ်းလား ပါပါးတို့ကို ဟင်
👶👶 လွမ်းတယ်.....လွမ်းတယ်
baby အမေးကို အလုအယက်ဖြေရင်း ကျွန်တော်တို့အချစ်တွေကို သိမ်းကြုံးယူနေတဲ့ အသည်းလေး နှစ်ယောက်ပါပဲ။
👶👶 မုန့် ဝယ်ရာရား....
🖤ဝယ်လာပါသဗျ အများကြီး ဝယ်လာတယ် နော်...
" ဦးဆီမှာ ဟေ့ လာဟေ့......"
Mike အော်သံကြားတာနဲ့ ရင်ခွင်ထဲကနေ အ ပြေးအလွှား ထွက်ပြီး Mikeဆီ မုန့်အော်တောင်းနေတဲ့ အစားပုပ်လေးတွေကိုကြည့်ပြီး ကျွန်တော့်မှာ ခုလက်ရှိအချိန်လေးကို မကုန်ဆုံးစေချင်တော့...
ဟန်ဆောင်မှုကင်းတဲ့ဘဝဆိုတာ တွေးရုံနဲ့တင်အသက်ရှူရ လွတ်လပ်တယ်လေ။
အားရပါးရပြုံးကြည့်ရင်း ပျော်နေတဲ့ babyမျက်နှာလေး မြင်ရတော့လဲ ပိုပြီး စိတ်ချမ်းသာရတာပေါ့။
"သွား နားကြတော့လေ ခရီးပန်းလာကြတယ် မဟုတ်လား ငါ့သားတွေ "
🖤 ဟုတ် သားက မပင်ပန်းပါဘူး ဖေဖေ့ သားငယ်ကို လိုက်ထိန်းနေရတာနဲ့ သားမှာ ပင်ပန်းဖို့တောင်မတွေးနိုင်ပါဘူး ဖေဖေရာ....
❤️ တော်ပြီလား လိပ်ကြီး ကိုယ့်ဘက်ကိုယ်ယက်တာတွေ တော်လိုက်ပါတော့
"ရောက်တာနဲ့ စပြီ သွားနားကြတော့ သွား...."
ဖေဖေပြောတော့လဲ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း အခန်းထဲဝင်ကြရပြီ။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း