🖤Coffee Love-27❤️

932 125 113
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-27❤️

အဖြူရောင်ကလွဲလို့ ဘာမှရှိမနေတဲ့ ဟင်းလင်းပြင်ကြီးမှာ သင်းနေတဲ့ကော်ဖီနံ့တွေရယ် နာကျင်နေတဲ့ ကျွန်တော့်နှလုံးသားရယ်.....

လွင့်ပျံ့လာတဲ့ ခပ်အီအီတယောသံလေးကြောင့် မြင်မြင်သမျှဟာ မျက်ရည်စတွေနဲ့ အလွမ်းစိတ်တွေနဲ့မှုန်မှိုင်းဝေဝါးလို့....

တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားမိမှန်း ဗလာအတွေးတွေကနေ ခံစားသိရှိလာရတော့  ဖြည်းဖြည်းချင်းငုံ့ကြည့်လိုက်ချိန်မှာ ကျွန်တော့်လက်နှစ်ဖက်စလုံးမှာ အရောင်စုံနေတဲ့ ကော်ဖီစေ့တွေက အပြည့်...

~~~~~~~~~~~~

ဆတ်ကနဲ လန့်နိုးလာလို့ ကြည့်လိုက်တော့ ကျွန်တော့်လက်ဟာ baby ပါးပြင်လေးကို အုပ်ကိုင်ရက်သား အနေအထားမှာရှိနေတုံးပဲ။

သူ့ဘေးထိုင်ပြီး ခဏလေး မေ့ခနဲဖြစ်ချိန်မှာ မက်တဲ့အိပ်မက်ဟာ ဘာကိုဆိုလိုချင်မှန်းနားမလည်။

တစ်ချိန်က ကျွန်တော့်လက်နဲ့ ဖျော်ခဲ့ဖူးတာလား ဘာလားဆိုတာ အာရုံစိုက်တွေးကြည့်တော့လဲ ခေါင်းထဲမှာရှုပ်ထွေးနေတာမို့ ဆက်တွေးမရတော့ပဲ ရပ်တန့်ပစ်လိုက်သည်။

Baby ကတော့ အဖျားရှိန်နဲ့ အိပ်ပျော်နေဆဲပါပဲ။

သူ့စိတ်ဟာခုချိန်မှာ ဖမ်းဆုပ်ရခက်ခဲတဲ့ တိမ်စိုင်တစ်ခုလိုပဲ ကျွန်တော်ဘာကိုမှ မှန်းဆလို့ မရဘူးလေ။

ဖမ်းဆုပ်လို့ မမိတာထက် မဆုပ်ကိုင်ရဲတဲ့အနေအထားဆို ပိုမှန်မယ်ထင်ပါတယ်။

သိပ်လိုချင်မက်မောလွန်းလို့ ငေးကြည့်ရတဲ့ မြတ်နိုးစရာလေးတွေဟာ ကိုယ်ပိုင်ဆိုင်ဖို့ လက်လှမ်းလိုက်ချိန်မှာ ကြံရွယ်လိုက်ချိန်မှာမှ ကိုယ့်အတွက် ဟုတ်မနေဘူးဆိုတာကို ခံစားမိစေတာမျိုး.....

သိလား ကျွန်တော်သူ့ဆီက မလိုချင်ဆုံးအရာတွေထဲမှာ အဲ့လိုခံစားချက်တွေက ထိပ်ဆုံးကဆိုတာ။

ကိုယ့်အတွက်လို့ထင်ပြီး ငေးကြည့်နေပြီးမှ ရယူချင်စိတ်တွေမွေးဖွားလာချိန်မှာ ကိုယ့်အတွက်ဟုတ်မနေတာ သိပ်ရင်နာရတဲ့ ဖြစ်စဥ်တစ်ခုလေ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now