🖤Theories of LOVE♥
🖤Season-3♥
🖤ပျော်ရွှင်ခြင်းမျှားသူ♥
ဒီကမ္ဘာမှာ ရှင်သန်နေသရွေ့ မင်းရဲ့ပျော်ရွှင်ခြင်းကိုပဲ မျှားမယ်.....
ရယ်မောပြုံးရွှင်ခြင်းဖြင့် ကိုယ့်ရဲ့နှလုံးသားကိုအာဟာရဖြည့်ပေးပါ ကလေးငယ်🖤🖤
🖤♥🖤♥
သမီးငယ်ကို စိတ်ဆိုးပြေအောင်ချော့ဖို့ပြင်းပြနေတဲ့ကလေးအဖေပေါက်စကို အရိပ်တကြည့်ကြည့် ကြည့်ရင်း သူသွားရာနောက်ကိုသာတကောက်ကောက်လိုက်နေရသည်.....
မိုးလင်းလို့သတိရလာပြီးသူ့စိတ်ပြေအောင် ချော့မော့ပြောပြီးတည်းက အပြင်သွားမယ်ချည်းလုပ်နေလို့ကိုယ့်မှာမနည်းကိုတားထားရသည်.....
အပြင်ထွက်ချင်ရခြင်းအကြောင်းတရားကတော့ အရုပ်အကျႌလိုချင်လို့ပါတဲ့.....သမီးကိုချော့ဖို့တဲ့လေ.....
သမီးငယ်ကအရုပ်လေးတွေကို အရမ်းကြိုက်နှစ်သက်တဲ့အရွယ်ဖြစ်နေတာကိုး.....
Cosplayလုပ်ဖို့ အကျႌcharacter ဒီဇိုင်းမျိုးစုံ ရောင်းတဲ့ဆိုင်ထဲဝင်သွားပြီး ရှာနေတာသူ့ခမျာမမောနိုင်မပန်းနိုင်.....
နေကောင်းခါစပြန်လဲမှာစိုးလို့ကိုယ့်မှာ ရင်တမမနဲ့သူ့နားကပ်နေရသည်.....
တားမရတဲ့သူပုန်ဆိုးလေးမို့လို့သာကိုယ့်မှာ သူ့အလိုလိုက်နေရတာ စိတ်ကလုံးဝမချ.....
♥တွေ့ပြီကိုကို သမီးကဒီအရုပ်ဆိုကြိုက်မှာ.....
သူလက်ညှိုးညွှန်ပြရာကိုလှမ်းကြည့်တော့ ဆင်ခေါင်းစွပ်လေး.....
"အစမ်းဝတ်ကြည့်ပါလားရှင့် အဆင်ပြေမှုရှိမရှိသိရတာပေါ့"
အရောင်းစာရေးမလေးရဲ့တိုက်တွန်းမှုကြောင့်babyဆိုတာ လုံးဝငြင်းမနေပဲ ဆင်ကိုယ်လုံးတွေဆင်ခေါင်းစွပ်တွေပွေ့ပိုက်ပြီး လဲဝတ်ဖို့အခန်းထဲဝင်သွားတော့သည်....
ကိုယ်လဲအပြင်မှာရှိတဲ့ အဝတ်တွေလှည့်ပတ်ကြည့်နေလိုက်ရင်းသူပြန်ထွက်အလာကိုစောင့်နေမိသည်.....
သူနဲ့မှဒီလိုဆိုင်ကိုပထမဆုံးရောက်ဖူးတာမို့ကိုယ့်မှာမြင်သမျှအဆန်းဖြစ်နေပြီး စိတ်ဝင်တစားဖြစ်နေတုံး နောက်ကနေအကျႌစလာဆွဲလိူ့ကြည့်လိုက်တော့....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း