🖤Freedom-20♥

1.1K 151 81
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Freedom-20♥

ကိုယ်ထူကိုယ်ထနှလုံးသားနဲ့ မင်းအချစ်ရဲ့ နောက်ကျောဘက်မှာ ပြုံးပြုံးကြီးရပ်နေတယ်...

စိတ်တွေကတော့ မသေမရှင်ရယ်ပေါ့...

ဘာပဲပြောပြော ကိုယ့်အချစ်ဟာ မင်းဘဝရဲ့နေရာတိုင်းမှာပါ...🖤🖤🖤

🖤♥🖤♥

ပြန်နိုးမထချင်လို့ ဒီအမှောင်ထဲပဲပျော်ပျော်ကြီးလျှောက်လှမ်းနေမိတယ်လေ။

ဒါပေမဲ့ ကိုယ့်ကိုယ်တွင်းမှာပုန်းကွယ်နေတဲ့ Redဆိုတဲ့ကောင်နဲ့ အခုဒီအချိန်မှာ လာတွေ့နေရပြန်ပြီ။

မသိစိတ်ထဲမှာရှိနေတဲ့ ဒင်းကိုဘယ်လိုမှနှိုက်ထုတ်လွှင့်ပစ်လို့မရဘူးမှတ်လား။

သူနဲ့တွေ့မဲ့အစား ကိုယ့်ဘာသာမှန်ရှေ့မတ်တပ်ရပ်ပြီး ဟားတိုက်ရယ်ပစ်တာကမှကျွန်တော်နဲ့တထပ်တည်းဖြစ်ဦးမယ်။

မသိစိတ်က ဒင်းကိုတော့ ကျွန်တော်ဘယ်လိုမှလိမ်ညာဖုံးကွယ်ထားလို့မရနိုင်ဘူးဆိုတော့....

🔺 ခုရောဘယ်ထွက်ပြေးဦးမလို့လဲ ငါ့ကောင်....

တွေးနေတုံးရှိသေး ဒင်းက စလာပြီ။

♥ မသိစိတ်ကမင်းနေရာဆိုရင် အဲ့မှာပဲမင်းတစ်သက်လုံးတိတ်တိတ်လေးနေပေးလို့မရဘူးလား Red....

ငါ့အသိစိတ်နဲ့ငါ ဘယ်လိုပဲသေသေကွာ...

🔺 ဘယ်သောအခါမှပြောဆိုဆုံးမလို့ မရတဲ့ကောင်....

♥ အေး ပြောကြည့်ပါဦး ခုထက်ပိုသေချင်လို့....

ဒီတခါကအရင်နဲ့မတူဘူးကွ သူကငါ့အပြင်တခြားသူတစ်​ယောက်ရှိနေခဲ့တာ...

အဲ့တော့ငါ့အသိစိတ်က သူ့ကိုရှောင်ဖယ်ပြီး မသိစိတ်ဖြစ်တဲ့မင်းကသူ့ကိုသေမတတ်ချစ်နေတာလဲငါသိတယ်....

Perth ဆိုတဲ့လူကို အခု အလယ်တည့်တည့်မှာထားပြီး မင်းနဲ့ငါစိတ်ချင်း စီးချင်းထိုးကြမလား....

သေချာတယ် ငါမရှုံးဘူး....

သူ့လုပ်ရပ်မှာတင် ငါသေခဲ့ပြီးသားမို့....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now