(Unicode)
🖤Theories of LOVE ♥
🖤Season-3♥
🖤Summer Love♥
🖤Part-3♥
ငါ့လက်ကို ဆုပ်ကိုင်ပါ...
ထာဝရဆိုတဲ့စကားလုံးကို ကြားနာပါ...
အတူတူဆိုတဲ့လမ်းပေါ် နင်းဖြတ်မယ်...
ထွက်သက်တွေကို နောက်ဆုံးထိဆိုတဲ့တံဆိပ်တပ်မယ်...
ဒါတွေအားလုံးဟာ အချစ်ပဲဖြစ်တယ် baby...
🖤♥🖤♥
ကျွန်တော့်လက်ပေါ်မှာ ပျံဝဲနေတဲ့ ကျွန်တော့်ရဲ့အချစ်ကလေး....
အဲ့ အချစ်ကလေးဆီက ပီတိနဲ့ပျော်ရွှင်ခြင်းတွေ အချိုးကျရောစပ်ထားတဲ့ရယ်မောသံတွေက လိပ်ပြာတွေထက်ပိုလှပါတယ်။
တော်တော်ကြာကြာ သူ့ကိုပွေ့မ ထားရတာက ကိုယ့်အတွက်ပြဿနာမရှိပေမဲ့ သူမူးနေမှာစိုးတာကြောင့် အရှိန်သတ်ပြီး ရပ်လိုက်တော့ လက်ပေါ်ကနေအော်နေသေးတဲ့ သူပုန်ပေါက်စလေး....
♥ဟာ ကိုကို ပျံဦးမယ်လေ....
🖤လေယာဥ်ဆီကုန်ပြီ babyရဲ့....
♥အင်......လေယာဥ်က baby လေ ကိုကိုရဲ့....ကိုကိုမှမဟုတ်တာ....
🖤 ဒါပေမဲ့ မောင်းတဲ့သူက ကိုကိုလေ babyရဲ့...
♥မရဘူးဗျာ ထပ်စီးမယ် နော်.... လုပ်ပါ ထပ်ပျံမယ်လေ....
🖤မရတော့ဘူးကွာ ကိုကိုညောင်းနေပြီ baby လဲ ကြာရင်မူးလာတော့မှာ....
သူ့ကိုပွေ့ချီထားရက်သားနဲ့ မြက်ခင်းပေါ်အသာထိုင်ချပြီး လှဲအိပ်လိုက်တော့ သူကပါ ကျွန်တော့်ပေါ်ကုပ်ဖက်တက်လာပြီး မှောက်ရက်သားလေးနဲ့ လူကိုအသေသတ်တော့မယ်လေ။
♥ကိုကို ခဏနေထပ်ပျံမယ်နော်....
ရင်ဘတ်ပေါ်လက်လေး ၂ဖက်ယှက်မေးလေးတင်ပြီး သူလိုချင်တာရဖို့အရေးဆိုနေတဲ့ရုပ်က ကိုက်ဆွဲဖဲ့ဝါးစားပစ်ချင်စရာပါ။
🖤 နေပါဦးဗျာ မေးပါရစေဦး အဲ့လို bungee jumping လုပ်ချင်တဲ့စိတ်က ဘယ်ကဘယ်လိုဖြစ်လာတာတုံး နေရင်းထိုင်ရင်းနဲ့...
♥ကိုကိုကလဲ စဥ်းစားကြည့်လေ ချစ်ရသူနဲ့လေထဲမှာတစ်ယောက်ကိုတစ်ယောက်ဖက်ထားပြီး လေဟုန်စီး....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း