🖤Theories of LOVE♥
🖤Season-3♥
🖤ရေခဲမြစ်ဒိုင်ယာရီ♥
🏞စီးဆင်းခြင်း🏞
မြစ်တစ်စင်းရဲ့စီးဆင်းခြင်းဟာ ကွေ့ကောက်ခြင်းတွေ ပြေလျော့ခြင်းတွေရှိသလို လျှို့ဝှက်ခြင်းတွေလဲ ပျော်ဝင်စီးမျောနေတာတဲ့....
ခုကစပြီးကျွန်တော်ဟာသူ့ဘဝထဲပုံစံပေါင်းစုံနဲ့စီးဝင်မဲ့ အရိုင်းဆန်တဲ့ မြစ်တစ်စင်းပဲ....
ခံစားချက်အလျဉ်ဟူသမျှကို ဖမ်းဆုပ်မိဖို့သာကြိုးစားပါ....
စီးဆင်းပြီးသားရေဆိုတာနောက်တစ်ကျော့ပြန်လာတယ်ဆိုတာဘယ်တော့မှမရှိလို့ပဲ♥
🖤♥🖤♥
ကိုယ့်နဖူးအပ်ရင်း မျှော်လင့်ခြင်းတွေသွန်ထည့်ထားတဲ့လက်တစ်ဖက်ရဲ့လှုပ်ရှားမှုမမြည်သော လှုပ်ခုန်ခြင်းနူးနူးညံ့ညံ့ကြောင့် ကျွန်တော်ဆတ်ကနဲ လန့်နိုးသွားသည်...
Babyသတိရလာပြီဆိုတဲ့အသိနောက်မှာ ဝမ်းသာပျော်ရွှင်ခြင်းကိုတစ်ဖက်ကနင်းရင်း ခြေတစ်ဖက်ကတော့ မမြင်ရတဲ့ကံကြမ္မာတံတားပေါ်တင်လျက်သားလိုပါပဲ....
ဘယ်ဘက်ကအလေးသာမယ်မသိတဲ့အနေအထားမှာ ပြောင်းလဲခြင်းတွေအသံမမြည်စေချင်တဲ့ ဆိတ်ငြိမ်သောဆုတောင်းတွေကရင်ထဲမှာလှိုက်ဆူလာပြီ....
ဖြည်းဖြည်းချင်းပွင့်လာတဲ့မျက်ဝန်းလေးတွေကိုကြည့်ရင်း သူ့လက်လေးကိုမဝံ့မရဲဆုပ်ကိုင်ကာ မျှော်လင့်ခြင်းတွေအဆုံးမသတ်ဖို့မပျောက်ရှဖို့ အထပ်ထပ်အခါခါ တောင်းဆိုနေမိပြီ....
ဒါပေမဲ့ ကောင်းကောင်းပွင့်လာတဲ့မျက်ဝန်းလေးတွေထဲကနေ မျက်ရည်တွေစီးကျလာတာမြင်ရတော့ ကျွန်တော့်ရဲ့မျှော်လင့်ခြင်းတွေလဲသူ့မျက်ရည်တွေနဲ့မျောပါသွားပြီ....
မျက်နှာပေါ်တပ်ထားတဲ့oxygen maskကို ဆွဲဖြုတ်လိုက်ချိန်မှာ ကျွန်တော်သူ့နားကနေ ခြေလှမ်းတွေနောက်ဆုပ်ရင်းရပ်လိုက်မိသလားကိုယ့်ဟာကိုယ်တောင်မသိတော့....
မျှော်လင့်ခြင်းဆိုတဲ့စကားစုကိုရောင်နီသန်းရုံလောက်ပဲ ကျွန်တော်တောင့်တခဲ့မိတာပါ....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း