Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-18❤️
အချစ်မရှိတဲ့ နှလုံးသားက ပျော်ရွှင်ခြင်းနဲ့ ဆန့်ကျင်ဖက်အရပ်မှာပဲ ပြုံးနေခဲ့တယ်🖤
နှလုံးသားကို ဇကာပေါက်ဖောက်ပြီး ပျော်ရွှင်ခြင်းတွေပဲ စစ်ချပေးမယ်
အနည်းဆုံးတော့ ကျွန်တော့်ကော်ဖီတွေက ခင်ဗျားအတွက် နွေးနေစေမှာပါ❤️ချစ်ခြင်းမေတ္တာ
အကြေတွေပွေ့ရင်း
ယုံကြည်ခြင်းနဲ့
အသက်ဆက်နေတုံးပဲ
တကယ်တော့
လူကြားကောင်းအောင်
ရဲရင့်ပြမိရုံလေးပါ
ကိုယ့်ကမ္ဘာမှာ
ကိုယ်ကလွဲလို့
အခြားသူမရှိပြီမို့လေ....☕️🖤❤️🖤❤️
ကော်ဖီခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အိမ်အထိသာရောက်လာခဲ့သည်။
အဖြေကတော့ စာရွက်ထဲကအတိုင်း ဗလာနတ္ထိပါပဲ။
နှလုံးသားရော ဦးနှောက်ကပါ နာကျင်ခြင်းတွေနဲ့ပိတ်ဆို့ခံနေရသလို ဘာကိုမှ မမြင်နိုင် မဖမ်းဆုပ်နိုင်ဖြစ်နေပြီ။
လူတစ်ယောက်ရဲ့ အထီးကျန်နာကျင်ချိန်မှာ သူ့နှလုံးသားဒဏ်ရာက ဘယ်လောက်ထိနက်မလဲ။
အဲ့အတိမ်အနက်ကို သိဖို့ ကျွန်တော်ကခုမှ ပျော်ပျော်ကြီး သူ့နာကျင်ခြင်းထဲတိုးဝင်ကာစလေ။
အဆုံးမရှိနိုင်မဲ့ နာကျင်ခြင်းမျိုးဆိုရင်တောင် ပျော်ပျော်ကြီးခုန်ဆင်းဖို့က စတည်းက ရည်ရွယ်ခဲ့ပြီးသား။
နာကျင်ခြင်း ချောက်က ဘယ်လောက်ထိနက်မလဲ နက်စမ်းပါစေဗျာ။
ကိုယ့်စိတ်ကိုတပ်လှန့်ရင်း အားပေးတော့ အပြုံးတွေက ပြန်ရှင်သန်လာပြီ။
လက်ထဲက ကော်ဖီခွက်ကိုကြည့်ရင်း ဖြစ်နိုင်ခြေရှိသမျှ နာကျင်ခြင်းတွေကိုတွေးကြည့်ဖို့ မကြောက်မရွံ့ဆုံးဖြတ်လိုက်ပြီလေ။
ကျွန်တော်မရှိတဲ့ကာလမှာ သူတောင့်တတဲ့ ကော်ဖီက ကျွန်တော်ဖျော်ပေးတဲ့ ကော်ဖီပဲ ဖြစ်မှာပေါ့။
ဒါပေမဲ့ အဲ့အချိန်ကာလတုံးက သူ့စိတ်ထဲမှာ ကျွန်တော်ဟာ နာကျည်းစရာ သတ္တဝါတစ်ကောင်အဆင့်နဲ့ သူ့ဘဝထဲကဆွဲထုတ်ပစ်ဖို့ ကြိုးစားခံနေရတဲ့ လူတစ်ယောက်အဆင့်မှာပဲရှိနေခဲ့တာဆိုတော့ သူသောက်ချင်ခဲ့တဲ့ကော်ဖီဟာ ကျွန်တော်ဖျော်တိုက်နေကျ နှပ်ကော်ဖီဟုတ်ပါ့မလား။
KAMU SEDANG MEMBACA
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
Fiksi PenggemarFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း