Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-22❤️
ခင်ဗျားပြုံးဖို့ဆိုရင် ခါးသီးခြင်းတွေတောင် လိုက်ပြုံးပေးစေချင်တာမျိုး...
ခင်ဗျားဝမ်းနည်းရင် ကျွန်တော့်ကမ္ဘာကကြယ်တွေကုန်သွားတဲ့အထိကြွေပစ်ဖို့ ဝန်မလေးတာမျိုး
မတတ်နိုင်လို့ပါလို့ပြောတဲ့အခါ ပြုံးနေပေးရင်ပဲ ကျေနပ်ပါပြီ...
ဒါကပဲ ကျွန်တော့်ရဲ့အချစ်ဖြစ်ပါသည်ပေါ့..🖤❤️
🖤❤️🖤❤️
မနေ့ညက သောက်တာများသွားပြီး မူးသွားတယ်ဆိုတာတော့သိပြီး နောက်ပိုင်းဘာတွေဖြစ်လဲ မမှတ်မိတော့။
ခေါင်းကို တူနဲ့ထုခံထားရသလိုနာကျင်နေပြီး ရင်ထဲကလဲ နာကျင်မှုကိုခံစားထားရသလိုမျိုး အသက်ရှူလို့တောင် မဝချင်။
တစ်ကိုယ်လုံး စိတ်ရောလူပါ နာကျင်ကြေမွမှုကိုခံစားနေရပေမဲ့ ရင်ခွင်ထဲက အသက်ရှူသံနွေးနွေးလေးကြောင့် ကျွန်တော်ပြုံးလို့ရပါသေးသည်။
ရင်ခွင်ထဲ မြုပ်နေတဲ့ ပါးဖောင်းလေးနဲ့ အသက်ရှူနေတဲ့လေငွေ့နွေးနွေးလေးကတင် သူကကျွန်တော့်ဘဝကြီးဖြစ်ပါတယ်လို့ ပြောပြဖို့ လုံလောက်နေတာမျိုးပေါ့။
🖤 baby .....
တိုးဖွဖွခေါ်ရင်း သူ့နဖူးလေးငုံ့နမ်းတော့မှ ကိုယ်လဲ မျက်လုံးပွင့်တော့တာပါ။
မျက်လုံးပွင့်တော့မှ မြင်ရတဲ့ မြင်ကွင်းက ကြေမွနေပြီးသားအမည်မသိနာကျင်ခြင်းတွေကို အမှုန့်ဖြစ်သွားစေတော့သည်။
ရင်ခွင်ထဲက မျက်နှာလေးက နဂိုပြည့်ဖောင်းတာထက်ကိုပိုပြီး မျက်ခွံလေးက မို့အစ်နေတာ နှာခေါင်းလေးက ရဲတွတ်နေတာ။
ညက ဘာတွေလုပ်ခဲ့မိလဲဆိုတာကို အပြေးအလွှားစဥ်းစားမိတော့မှ တရေးရေးပြန်ပေါ်လာတဲ့ ပုံရိပ်တွေ သူ့မျက်ရည်တွေ ကျွန်တော့်ရဲ့အသုံးမကျတဲ့ အကြောက်တရားတွေ။
တိုင်နဲ့ ခေါင်းနဲ့ ပြေးဆောင့်ချင်စိတ်က အလုံးနဲ့အရင်းနဲ့။
ESTÁS LEYENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း