(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-18♥
ခွင့်လွှတ်ခြင်းနဲ့ ခွင့်မလွှတ်ခြင်းကြားမှာရပ်ရင်း အခါခါသေဆုံးရခြင်းဟာ အချစ်လား???
မတတ်နိုင်ရခြင်းတွေပဲရှိပါတယ်လို့ ဘဝတစ်လျှောက်လုံးပြောဖြစ်နေတော့မှာပါ ခင်ဗျားရယ်....
🖤♥🖤♥
ကမ္ဘာပျက်သလို ခဏခဏခံစားဖူးပါရဲ့။
ဒီတစ်ခါကတော့ဘာနဲ့မှမတူပါဘူး။
တကယ်ဘာနဲ့မှမတူပါဘူး။
ကျွန်တော်ချစ်ရတဲ့ယောကျာ်းမှာ ကျွန်တော်မသိတဲ့ ချစ်ခြင်းတစ်ခုရှိနေခဲ့တယ်ဆိုတဲ့ ကိစ္စတစ်ရပ်ဟာ ကျွန်တော့်ကိုဟိုး တွင်းအနက်ကြီးထဲ ဆွဲချသွားသလိုပါပဲ။
ပြီးတော့ အဲ့လိုဖြစ်စေခဲ့တဲ့အဓိကတရားခံဟာ ကျွန်တော်ဖြစ်နေခဲ့မှတော့ ကျွန်တော်ကခွင့်မလွှတ်ခြင်းနဲ့ ဘယ်သူ့ကိုသတ်ရမလဲ။
သူ့ကိုလား ကျွန်တော့်ဟာကျွန်တော်လား။
ယုံကြည်ပါတယ်ဆိုတဲ့ P'ရဲ့အပြုံးကို မျက်ရည်ကြားကပဲမြင်ခဲ့ရပြီး ကျွန်တော်အသံတိတ်ထွက်ပြေးလာခဲ့တာ ဝေးရာကိုလေ။
ကျွန်တော်အရာအားလုံးကနေလွတ်မြောက်ချင်တယ်။
ခင်ဗျားက သစ္စာမရှိတဲ့လူဆိုပြီး ဒေါသတွေအကုန်သူ့အပေါ်ပုံချပစ်လိုက်ချင်တယ်။
ဒါပေမဲ့ ကျွန်တော့်ကြောင့်သူအဲ့လိုဖြစ်ခဲ့ရတာဆိုတော့ ကျွန်တော်သူ့ကို ထားသွားချိန်မှာအဲ့လိုဖြစ်ခဲ့တာဆိုတော့ ကျွန်တော်အခုဘာလုပ်ရမလဲ။
မယုံကြည်ခဲ့မိတာတွေကြောင့် ခဏခဏကျွန်တော်နောင်တနဲ့အတူနာကျင်ခဲ့ရဖူးတာမို့ ကျွန်တော်သူ့ကိုယုံကြည်ပေးရင်း သူ့ခံစားချက်ကိုနားလည်အောင်ကြိုးစားပေးခဲ့ရင်း သူ့နားကနေထွက်မသွားခဲ့တာ ဒီနေ့ ဒီချိန်ထိပဲလေ။
အခုတော့......အခုကျတော့......
သူကိုယ်တိုင်သူ့ပါးစပ်ကပြောတာကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရတာလေ။
သူကျွန်တော့်ကိုဘယ်လောက်ချစ်သလဲ သိနေပြီး သူရွေးချယ်ခဲ့တာဟာ ကျွန်တော်ပဲမို့ အခု ကျွန်တော်ဘာလုပ်ရမလဲ။
ESTÁS LEYENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း