🖤Chromatophilia-15❤️

897 120 140
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Chromatophilia-15❤️

ညကအိပ်ရာဝင်စောတော့ ဒီမနက်ခင်းမှာ နေလုံးကြီးထက် ကျွန်တော့်မျက်လုံးက အရင်နိုးထနေပြီ။ ရင်ခွင်ထဲက baby ကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပါပဲ။

ဒေါက်...ဒေါက်....

တံခါးခေါက်သံ တိုးသဲ့သဲ့က လူခြေတိတ်နေတဲ့ မိုးမလင်းခင်အချိန်မို့ ပီသသဲကွဲစွာကြားနေရသည်။ ဒီအသံနှုန်းလောက်ဆို ကျိန်းသေပေါက်ကလေးတွေနေမှာ။

ရင်ခွင်ထဲက ကလေးကြီးကို အသာလွှတ်ရင်း ကမန်းကတန်းတံခါးပြေးဖွင့်တော့ လူကရုတ်တရက်လန့်တောင်လန့်သွားရသည်။ လုံးတုံးပုတုနဲ့ ရပ်နေတဲ့ကောင်က စပိုက်ဒါမန်းခေါင်းစွပ်နဲ့ မတ်တပ်ကြီးငိုက်နေလေသလားမသိ။ လက်တစ်ဖက်ကလဲ အရုပ်တစ်ရုပ်ကို တရွတ်တိုက်ဆွဲထားသေး။

🖤 သားကြီး လာလေ ဒီဒီတို့နဲ့ အိပ်မို့လား

👶 အင်း တားတား ဒီဒီတို့နဲ့ အိပ်မယ်

🖤 ဟုတ်ကဲ့ ကြွပါလူကြီးမင်းရယ်

ကြွပါပြောတော့မှ သူ့ခေါင်းစွပ်လေးနဖူးထိလှန်တင်ရင်း အိပ်ချင်မူးတူးနဲ့ အခန်းထဲဝင်သွားတော့သည်။ ကုတင်နားရောက်တော့ အရင်ဆိုလွှားကနဲတက်နေကျဒင်းက အခု ဖင်ပဲလေးနေလို့လား အိပ်ပဲငိုက်နေလို့လားရယ်တော့မသိ တော်တော်နဲ့အပေါ်ကမရောက်။

ကြည့်ရတာအူယားလွန်းလို့ သူ့ကိုမကူပေးပဲ အသာလေးငြိမ်နေမိတုံး ကလေးလူလည်လေးဆီက အသံထွက်လာပါပြီ။

👶 ဒီဒီ  တက်ရို့ရဘူး တင်ပေး

🖤 ဘယ်လိုတင်ပေးရမှာတုံး ဒီလိုတွန်းပေးရမှာလား ဟုတ်လား

သူ့နောက်ကနေ ငုတ်တုတ်ထိုင်ပြီး သူ့တင်ပါးလုံးလုံးလေးကနေ တွန်းတင်ပေးတော့ လှည့်
ကြည့်တာကိုက baby နဲ့တစ်ထေရာတည်း မျက်လုံးလေးက ထောင့်ကပ်လို့လေ။

👶 ပါပါးနဲ့ တိုင်ကျောတော့မယ် ပါ....

မိုးကိုမီးနဲ့တက်ရှို့တော့မဲ့ ပါးစပ်ပေါက်လေးကို လှမ်းပိတ်ပြီး ကုတင်ပေါ်ပွေ့တင်ကာ ရင်ခွင်ထဲ
ထည့်ဖက်ထားတော့မှ ဒင်းငြိမ်တော့သည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersDonde viven las historias. Descúbrelo ahora