🖤Chromatophilia-8❤️

954 132 132
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Chromatophilia-8❤️

ပုခုံးထက်က မြတ်နိုးရတဲ့မှီခိုတွယ်နှောင်မှုလေးက  ဝင်သက်ထွက်သက်တွေမှန်လို့။ ဒီအသက်ရှူသံလေးကို ဘဝတစ်ခုလို သေလောက်အောင်ချစ်သည်ဆိုတာကို သိမှာပါနော်။

baby ကိုယ်လုံးလေးကို အမြတ်တနိုးပွေ့ပိုက်ရင်း အခန်းထဲအသာလေးဝင်လာတာက ကိုယ့်မှာအသက်တောင်ရဲရဲမရှူရဲတဲ့ထိ။

သူ့ဝင်သက်ထွက်သက်တွေလောက်တောင် ကျွန်တော့်အသက်ရှူသံကိုအလေးမထားနိုင်တာက သိပ်ချစ်ရလို့ပဲမှတ်လား။ ကလေးလေးလို ဖက်တွယ်ရင်း အိပ်ပျော်နေတဲ့ baby ကို ကုတင်ပေါ်လှဲချပေးလိုက်တော့ မွေ့ရာထဲနစ်ဝင်နေတဲ့ပုံစံလေးက လူကိုအသည်းယားစေသည်။

စောင်လေးဆွဲခြုံပေးပြီး သူ့ဘေးနားဝင်လှဲရင်း သူအိပ်ပျော်နေတာကိုကြည့်နေရတာကိုက ရင်ထဲမှာပြည့်စုံနေတာမျိုး။ တစ်ချက်တစ်ချက် မျက်နှာလေးမဲ့သွားတာမြင်တော့ ရင်ဘတ်ကိုလက်နဲ့အသာလေးဖိကပ်ရင်း ပုတ်သိပ်တော့ ကျွန်တော့်လက်ကိုလာဆုပ်ကိုင်ထားပြန်သည်။

ကောင်းကောင်းအိပ်ပါကလေးရယ် ကိုကိုရှိနေပေးမှာမို့ စိတ်ချလက်ချအိပ်ပါနော်။

စရွေးချယ်တည်းက တစ်နေ့ဒီလိုချိန်ရောက်လာမှာကိုသိပြီးသား။ ဘဝခရီးကတော့ ခလုတ်ကန်သင်းပေါများတာမို့ ကိုယ်လဲရင်သူထူသလို သူလဲရင်ကိုယ်ထူကြဖို့စိတ်ကအဆင်သင့်ရှိနေကြပြီးသားမဟုတ်လား။အဲ့တော့ ခဏတာစိတ်အားငယ်ခြင်းတွေပဲရှိနေမှာကို သိပြီးသား သူကျော်ဖြတ်နိုင်မှာကို ယုံပြီးသားပါ။

၁၂ချက်တိတိတိုင်ကပ်နာရီကြီးဆီက အော်မြည်သံကြားရပြီမို့ အိပ်ဖို့ပြင်ရပြီ။ အရာအားလုံးက ခက်ခဲနေနိုင်ပေမဲ့လဲ အတူတူသာဆို အဆင်ပြေသွားမယ်မဟုတ်လား။

🖤❤️🖤❤️

🖤 သားနဲ့သမီး ပါပါးကို ဒီနေ့ သေချာထိန်းထားနော်

👶👶 yes ဒီဒီ

အလုပ်မသွားခင် သားနဲ့သမီးကို သြဝါဒခြွေနေတဲ့သူ့ကိုကြည့်ပြီး ထိုင်ပဲရယ်နေလိုက်တော့သည်။ တစ်ချက်တစ်ချက် မောတာလေးနဲ့ ရင်ဘတ်အောင့်တာကလွဲလို့ အဖျားလဲမရှိအကုန်အိုကေနေပြီလေ။ အဲ့ဒါကိုသူက ကလေးတွေကိုပြန်ထိန်းခိုင်းနေတော့ ရယ်ချင်တာပေါ့။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now