(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Summer Love♥
🖤Part-2♥
ပျံသန်းခြင်းတွေရဲ့ ခြေထောက်မှာ လွတ်လပ်ခြင်းရနံ့တွေ သင်းသတဲ့....
ချစ်ပါ တန်ဖိုးထားပါ ငိုစေမဲ့အရာတွေကနေ ရုန်းထွက်ပျံသန်းပါ....
နှလုံးသားထဲက မေတ္တာ ကို အတောင်တပ်ပါ....
အတ္တတွေနဲ့ဝေးနိုင်သမျှဝေးဝေးကို ပျံသန်းသွားဖို့လေ....
🖤♥🖤♥
အချိန်က မနက်၅နာရီ...
လေဆိပ်ရှိရာသို့သွားရာလမ်းပေါ်မှာ ကျွန်တော်တို့ကားလေးတစ်စီးတည်းရှိနေတာပါ။
ဖေဖေက ကျွန်တော့်ဘေးခုံမှာ ပတ်ဝန်းကျင်ကိုငေးမောရင်းထိုင်လိုက်လာသလို နောက်ခန်းမှာလဲ babyတို့ သားအဖ၃ယောက်နဲ့ P'Chen နဲ့ကလဲ သူတို့အာရုံနဲ့သူတို့....
ဒါပေမဲ့ ကလေး၂ယောက်ကိုပေါင် ပေါ်တင်ပြီး တတွတ်တွတ်မှာနေတဲ့babyအသံကတော့ ကျွန်တော့်ရင်ကို ဒီမနက်ခင်းမှာဆွေးမြေ့နေတဲ့ခံစားချက်တစ်ခုကိုသေချာပေါက်ပေးနိုင်တာပါ။
♥သားကြီး....သမီးငယ် ဟိုကိုရောက်ရင် ဖိုးဖိုးစကားနားထောင်နော် အရမ်းမဆော့ရဘူးနော် ပါပါးဖုန်းခေါ်ရင် ပြောရမယ်နော် မတည့်တာတွေမစားရဘူးနော်...
ပါပါးက ကလေးတို့ကိုလွမ်းနေတော့မှာ သိလား.....ချစ်လား ပါပါးကို....
👶👶ချစ်တယ်.....
မနက်မိုးလင်းရုံရှိသေးတာမို့ ကလေးတွေလဲအိပ်ချင်မူးတူးလေးနဲ့ပဲ သူမေးတာကိုပြန်ဖြေနိုင်တာပါ။
ဒါပေမဲ့ထုံးစံအတိုင်း ပါပါးရစ်လုံးကတော့ အားမလိုအားမရ လေသံလေးနဲ့ သူ့ကလေးတွေကိုပြောလာပါပြီ။
♥ တွေ့လား ခုတည်းကပါပါးမေးနေတာကို စိတ်ပါလက်ပါမဖြေကြဘူး မသွားခင်တည်းက မေ့ချင်နေပြီမှတ်လား...
သူ့ရဲ့အဲ့အသံလဲကြားရော ငြိမ်နေတဲ့ဖေဖေနဲ့အတူ ကျွန်တော်တို့တွေပါ အသံထွက်အောင်ရယ်မိကြသည်။
♥ဘာရယ်တာလဲ ဖေဖေတို့နော်....
" ငါကတော့ သားအဖတွေအလွမ်းသယ်နေလို့ ဆွေးဆွေးလေးထိုင်နားထောင်နေတာလေ မင်းရဲ့ရစ်လုံးသံကြီးကြားရမှတော့ မရယ်ပဲနေမလား"
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း