Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-8❤️
ပေပွနေတဲ့ ရုပ်တွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက် ရယ်လိုက်နဲ့ တော်တော်နဲ့ကို ကြမ်းပေါ်ကနေ ဘယ်သူမှမထနိုင်ကြ။
🖤 အရမ်းမရယ်နဲ့တော့baby မောနေမယ်
လှဲနေရာကနေ တွားသွားကာ ကျွန်တော့်ခြေမကို သူဆတ်ခနဲဖမ်းဆုပ်တော့ လှဲနေရာကနေ ခေါင်းထောင်ကြည့်ရသေးသည်။
🖤 ခြေထောက်ထိမိသွားလားလို့ကြည့်တာ ရေချိုးပြီးမှ ဆေးထပ်လူးပေးမယ်
❤️ အင်း မရတော့ဘူး ရှူးပေါက်ချင်လာပြီ
ကျွန်တော်ထတော့ အကုန်လုံးလိုက်ထပြီး အောက်ထပ်ကအခန်းထဲမှာပဲ တိုးဝှေ့ပြီး အပေါ့သွားဖို့ အိမ်သာလုကြတော့သည်။
❤️ တွေ့လား ဘာလို့ အတင်းလုနေတာလဲ တစ်ယောက်ပြီးမှတစ်ယောက်လေ
🖤မရဘူး ထွက်တော့မှာ ဘာဖြစ်လဲကွာ ယောကျာ်းတွေချည်းပဲဟာကို
ပြောမရတော့လဲ သူ့ဝင်တိုးပြီးအလုအယက် ကိစ္စရှင်းဖို့ပြင်တုံး သားကြီးကပါ သူ့ဘောင်းဘီလေးချွတ်ပြီး ကိုယ်တွေ နှစ်ယောက်ကြားဝင်တိုးတော့ ကျွန်တော်နဲ့ကိုကို့မှာ သူ့ကြည့်ပြီး သူ့ဦးစားပေးရတော့သည်။
သူရှူးပေါက်နေတုံး နောက်ကအသံကြားလို့လှည့်ကြည့်တော့ သမီးငယ်ကပါ သူ့ဘောင်းဘီချွတ်နေတော့ ပြေးဆွဲရတော့သည်။
❤️ ဟေ့ ကောင်မလေး မိန်းကလေးကအဲ့လိုလုပ်လို့မရဘူးလေ
🕊️ မီးမီးရဲ တိုတို့ရို ရှူးပေါက်ချင်တယ်ရေ
❤️ မရဘူး သမီးလေးရဲ့ မိန်းကလေးက အဲ့လိုပေါက်လို့မရဘူးနော် ထိုင်ပေါက်မှရမှာ
🕊️ ဘာရို့ မရတာရဲ
❤️ သမီးလေးက မိန်းကလေးဖြစ်နေပြီး ကိုကိုက ဖေဖေတို့လိုယောကျာ်းလေးဖြစ်နေလို့ပေါ့ သမီးရယ် နောက်မှ ပါပါးသေချာရှင်းပြမယ်နော် သမီးလေးက လိမ္မာတယ်
ပြောသာပြောရပေမဲ့ မကျေနပ်တဲ့မျက်နှာလေးနဲ့ နှုတ်ခမ်းကစူနေတော့ကိုယ့်မှာဘာလုပ်ပေးလို့ဘာပြောရမယ်မသိ။ ဉာဏ်ကောင်းတဲ့ကလေးမို့ gender ကွဲပြားမှုကို ဘယ်လိုနူးညံ့ပြီးနားဝင်လွယ်တဲ့ပုံစံနဲ့ရှင်းပြရမလဲဆိုတာကို ကိုကိုနဲ့ပြီးမှ တိုင်ပင်ရပါဦးမယ်လေ။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း