(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-10♥
Part-2 🔥Ignore 🔥
ကိုယ့်အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲဆုပ်ကိုင် စကားသံတချို့ကို ကျောခိုင်းကြည့်ပါ...
လွတ်မြောက်ခြင်းရဲ့လမ်းစကို သင်တွေ့ပါလိမ့်မယ်....
🖤♥🖤♥
တရိပ်ရိပ်ပြေးနေသော ကားတစ်စင်းပေါ်မှာ ကိုကိုနဲ့ကျွန်တော် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း အိမ်ပြန်ခရီးကို ဦးတည်နေကြသည်။
ကားမောင်းနေသော ကိုကို့ဘေးမှာထိုင်ပြီး ဘေးတစောင်းမြင်နေရသော သူ့မျက်နှာတစ်ခြမ်းနဲ့တင် ကျွန်တော့်ရဲ့နေ့တွေညတွေ ရှေ့ဆက်ဖို့အတွက် အားအပြည့်ရနေသလိုပါပဲ။
ဘယ်တော့မဆို မျက်ဝန်းအကြည့်တစ်ချက်စောင်းငဲ့ရုံနဲ့ ကျွန်တော့်ဘေးမှာရှိနေနိုင်ဖို့ ကြိုးစားနေသော လူသား....
မလုံခြုံခြင်းဆိုတဲ့ စကားရပ်နဲ့ ကျွန်တော့်ခံစားချက် ဘယ်တော့မှမသက်ဆိုင်ရလေအောင် ကြိုးစားနေသောလူသား...
ကျွန်တော့်ရဲ့နာကျင်ခြင်းကို ဆပွားတိုးပြီး ခံစားတတ်သော ဒီလူသား...
အသက်ထက်မကဆိုသော ချစ်ခြင်းတရားနဲ့အမြဲထွေးပွေ့ချစ်ပေးသော လူသား...
ဘဝဆိုတဲ့စကားစုထဲမှာ သူ့ကြောင့်ဆိုတဲ့ခံစားချက်နဲ့ အရာရာကိုဖန်တီးဖြစ်တည်စေနိုင်သောအစွမ်းရှိသည့် လူသား....
ကျွန်တော်သိပ်ချစ်ရသော လူသားပါ...
ကြည်နူးစိတ်နဲ့ သူ့မျက်နှာကိုစိုက်ကြည့်နေချိန်မှာ ကျွန်တော့်ကိုတစ်ချက်လှည့်ကြည့်ရင်း မသိမသာယိမ်းယိုင်ပေးလာတဲ့ ပုခုံးစွန်းတစ်ဖက်ကို ကျွန်တော်သိပ်မြတ်နိုးရပါတယ်ဗျာ....
သူ့ပုခုံးစွန်းပေါ် ပါးတစ်ဖက်မတင်ခင် နှုတ်ခမ်းနဲ့အရင်ထိတွေ့စေတော့ မို့တက်သွားတဲ့ ပါးစုံ့ကြီးကြောင့် ကျွန်တော့်ရင်ထဲအပျော်တွေပစ်ပေါက်ထည့်ခံလိုက်ရသလို ရင်ထဲနင့်ခနဲပါပဲ....
🖤ပုခုံးစွန်းပဲလား baby....
ရှေ့ကိုပဲကြည့်နေပေမဲ့ သူ့နှလုံးသားက အမေးစကားက ကျွန်တော့်ကိုဦးတည်နေတာမို့ သူ့ပါးပြင်ကို အနမ်းတစ်ခုနှစ်ထည့်ပေးလိုက်သည်။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း