🖤Coffee Love-17❤️

811 116 79
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-17❤️

ကျွန်တော့်ရင်ခွင်နဲ့ ပုခုံးအစုံဟာ သူ့ခံစားချက်တွေနား ထာဝရရှိနေမဲ့ ကမ္ဘာပေါ့ဗျာ...

ရဲရင့်ပေးဖို့ရော စတေးပေးဖို့ပါ ဝန်မလေးတဲ့ချစ်ခြင်းဟာ အမည်နာမတစ်ခုနဲ့ကျွန်တော့်မှာရှိနေပါတယ်...

ကိုကို့အတွက်တဲ့......❤️❤️❤️

🖤❤️🖤❤️

နေလုံးစုံးစုံးမြုပ်ပြီး လေအေးတွေတိုးဝှေ့လာချိန်မှာ တုန်ယင်မှုတွေကင်းမဲ့သွားပြီဖြစ်တဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း ကျွန်တော်တို့ အိမ်ပြန်ဖို့ခြေလှမ်းတွေရွေ့နေကြပြီ။

တံတားပေါ်ကမီးရောင်တွေကြောင့် လမ်းပေါ်ကျနေတဲ့ ကိုယ့်အရိပ်တွေကိုပြန်ငေးရင်း ကိုကိုနဲ့ကျွန်တော် ဖြည်းဖြည်းချင်းပဲ လျှောက်လာကြသည်။

🖤 အရိပ်တွေကို အဲ့လောက်သဘောကျလား baby

❤️ အနည်းဆုံးတော့ လူတိုင်းမှာ အရိပ်တစ်ခုစီ ပိုင်တယ်လေ ကိုကိုရဲ့

သာမန်ချိန်မှာ မမြင်ရပေမဲ့ အလင်းရောင်ရှိရင် သူ့ကိုမြင်နိုင်တယ်မဟုတ်လား

ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်မှာကိုယ်ပိုင်တဲ့အရိပ်တစ်ခုတော့ရှိနေသေးတယ်ဆိုတာကိုသိဖို့ တစ်ချက်တော့ လင်းပြလိုက်ရတာမျိုးပဲ

စိတ်ညစ်ပြီး အမှောင်အတိလို့ခံစားရတဲ့အခါ babyကို သတိရပေးပါ

ကိုကိုဘယ်နေရာမှာရှိနေသည်ဖြစ်စေ baby က အလင်းရောင်နဲ့အတူ အမြဲရှိနေပေးမဲ့ ကိုကို့ရဲ့အရိပ်ကလေးပဲ

ချစ်ခြင်းမေတ္တာက ဘယ်လိုအခြေအနေမှာမဆို ရှင်သန်နေတာမျိုးလေ

ကျွန်တော်ပြောတော့ ကိုကို့မျက်ဝန်းမှာ မျက်ရည်စတွေ ရစ်ဝဲနေပြန်ပြီ။

🖤 မနာကျင်ရဘူးလား မပင်ပန်းရဘူးလား baby ရယ် အရိပ်တစ်ခုလို ဘဝကလေ

❤️ ဟင့်အင်း ကိုကို့ရဲ့ကောင်းခြင်းဆိုးခြင်းမှန်သမျှကို လက်ခံပြီးချစ်တာမို့ ပျော်တယ်ကိုကို

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now