🖤Chromatophilia-13❤️

933 116 79
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Chromatophilia-13❤️

တဒုတ်ဒုတ်မြည်သံ ခပ်တိုးတိုးဟာ ကိုယ့်ပါးအပ်ထားရာအရပ်ဒေသကနေ ခပ်သဲ့သဲ့ထွက်လို့။ တွေးကြည့်စရာတောင်မလိုပဲ ကျွန်တော်ဟာသူ့ရင်ခွင်ထဲမှာဆိုတာကိုသိလိုက်ပြီမို့ မျက်လုံးအသာဖွင့်ကြည့်တော့ ကျွန်တော်ဟာထိုင်ရက်အနေအထားနဲ့ သူ့ရင်ခွင်ထဲထွေးပိုက်ခံထားရသလို သူဟာလဲ ခေါင်းအုံးမှီထိုင်လျက်အနေအထားနဲ့ အိပ်ပျော်နေသည်။

ကျွန်တော်နိုးမှာစိုးလို့ အိပ်မောကျတာစောင့်ရင်းနဲ့သူပါဒီအတိုင်း အိပ်ပျော်သွားခဲ့တာနေမှာ။ သူ့နှလုံးသားကိုဖွဖွနမ်းချိန်မှာ ကိုယ်တွေလက်ရှိနေတဲ့အခန်းထဲကနေ တိုင်ကပ်နာရီကြီးဆီက အသံကို ကျယ်လောင်စွာကြားလိုက်ရသည်။

ဒေါင်ခနဲ မြည်သံ ခပ်ကျယ်ကျယ်ကြားလိုက်တာနဲ့ သူထွေးဖက်ထားရာကနေ လက်ကိုအသာထုတ်ပြီး သူ့နားနှစ်ဖက်ကို အုပ်ပေးထားလိုက်သည်။ တစ်ညလုံး ကျွန်တော့်ကိုဖက်ရက်နဲ့ သက်တောင့်သက်သာတောင်လှဲမအိပ်ခဲ့ရဘူးမှတ်လား။ အိပ်စက်ခြင်းကို တစိုးတစိတောင်အနှောင့်အယှက်အဖြစ်မခံနိုင်ပါဘူးလေ။

သူ့နားကို အုပ်ထားပေးရင်းနဲ့ နှာခေါင်းထိပ်က မှဲ့သေးသေးလေးကိုတွေ့တော့ နမ်းချင်ပေမဲ့ ငေးရုံသာကျေနပ်လိုက်ပါသည်။ ဒီလူကြီးကို ဒီလိုလေးငေးနေရရုံနဲ့ ခံစားရတဲ့ချစ်ခြင်းကတောင် ဘာနဲ့မှမှ မလဲနိုင်တာ။

နာရီသံ ၅ချက်တိတိမြည်ပြီးနောက်မှာ ကိုယ့်လက်ကိုဖယ်ချလိုက်ရင်းရင်ခွင်ထဲကနေ အသာလေးထွက်ပြီး သူ့ခန္ဓာကိုယ်ကြီးကို ပွေ့ပိုက်ကာ ကုတင်ပေါ်လှဲချပေးလိုက်သည်။

❤️ ဆက်အိပ်လိုက်ပါဦး အိပ်ပုတ်ကြီးရေ

စောင်သေချာခြုံပေးပြီး နဖူးကိုငုံ့နမ်းကာ ရေချိုးခန်းထဲဝင်ကာ အထဲရောက်တော့မှ ခါးသေချာ
ဆန့်ရတော့သည်။ သွေးပူလေ့ကျင့်ခန်းသဘောနဲ့ ခြေဆန့်လက်ဆန့်လုပ်ပြီးတော့မှ မျက်နှာသစ်သွားတိုက်ပြီး မနက်အဆာပြေအတွက် P'Chen ကို ဝိုင်းကူဖို့ ထွက်လာခဲ့လိုက်သည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now