🖤Coffee Love-9❤️

916 147 59
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love -9❤️

ခံစားချက်ဆိုတာ ဒြပ်ထုမရှိတဲ့ သေစေနိုင်သောအရာ....

မမြင်နိုင်ခြင်းတွေဟာလဲ ရင်ကွဲနာတို့ရဲ့ တစ်ခုတည်းသော ကဗျာ.....

🖤❤️🖤❤️

ရုတ်တရက်ဆိုတဲ့ အခိုက်အတန့်ဟာ အချိန်အတိုင်းအတာအားဖြင့် စက္ကန့်ပိုင်းမျှသာဆိုပေမဲ့ ခံစားချက်ကတော့ ရေတံခွန်အလား လေပွေမုန်တိုင်းအလား ဗြောင်းဆန်နေပြီ။

ကျွန်မနောက်တည့်တည့်မှာ မတ်တပ်ရပ် ကျွန်မကို ပြုံးပြီးကြည့်နေတဲ့ ဒီလူ့ရဲ့အပြုအမူအတွက်အမှန်ကန်ဆုံးသော ကျွန်မရဲ့ တုံ့ပြန်ခြင်းက ဘာဖြစ်နေနိုင်မလဲ။

တုန်ယင်နေတဲ့လက်ကို မသိမသာဆုပ်လိုက်ရင်း ထိုင်နေရာကနေထကာ ကျွန်မ ဒီနေရာကနေထွက်သွားဖို့ပဲဆုံးဖြတ်လိုက်ပြီ။

ငိုကြွေးရခြင်းအကြောင်းတရားဟာ ကျွန်မနဲ့လားလားမှမသက်ဆိုင်တဲ့ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ကြောင်း သူသိနေဖို့မှမလိုတာ။

နှစ်တော်တော်ကြာ ကျွန်မစိတ်တွေက ကျွန်မကိုယ်တိုင်ချိုးနှိမ်ခဲ့လို့ နေသားကျတာထက်ပိုနေပြီမဟုတ်လား။

ကိုယ့်အတွက်ဟုတ်မနေတဲ့ ရင်ခွင်ထဲ ဝင်ငိုရလောက်အောင် ကျွန်မအချစ်က ပျော့ညံ့မနေဘူးလေ။

အကျိုးတရားတွေဖြစ်လာစေမဲ့ အကြောင်းပြစကားလုံးတစ်လုံးတစ်လေတောင် ထွက်မလာခင်မှာ ကျွန်မဒီနေရာကနေ သွားမှဖြစ်မယ်။

မသိကျိုးကျွံဟန်နဲ့ ကျွန်မမတ်တပ်ထရပ်ရင်း ကျောခိုင်းမယ်အလုပ် ကျွန်မဆီကမ်းပေးလာတဲ့ သူ့လက်ထဲက တစ်စုံတစ်ခု...

🖤 ရော့ ခုနက အရေးပေါ်ဌာနမှာ မင်းအိတ်ကနေပြုတ်ကျသွားတာ တွေ့လို့ ယူလာပေးတာ

သူ့လက်ထဲက သော့ချိတ်ကိုမြင်ပြီး သူ့မျက်နှာကို
ကြည့်လိုက်ချိန်မှာ ကျွန်မရဲ့ခံစားသိရှိနိုင်စွမ်းက နယ်နိမိတ်တွေကျော်လွန်သွားခဲ့ပြီ။

သူပေးနေတဲ့သော့ချိတ်ဟာ ကော်ဖီခွက်ပုံစံသစ်သားပြားလေးပေါ်မှာ Lizဆိုတဲ့ ကျွန်မရဲ့ နာမည်ကို ရေးထိုးထားတာလေ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now